Print

သင့်ကလေးရှောင်သင့်သော အစားအစာ (၅) မျိုး

  07-Jun-2018
Preview Image


 သင့်ကလေးသည် ဓာတ်မတည့်ခြင်း လွယ်လင့်တကူ ခံစားရတတ်သည်။ ထို့ပြင် ဓာတ်မတည့်ခြင်း ဖြစ်ရသည့် အကြောင်းအရင်းကိုလည်း ချက်ချင်းဆိုသလို ရှင်းရှင်းလင်းလင်း မသိရှိနိုင်ဘဲ  ရှိတတ်သည်။ မိဘအများစုသည် မိမိတို့ကလေး နွားနို့ပါသော အစားအစာများ ပြောင်းလဲကျွေးရသည့် ရိုးရှင်းသောနည်းလမ်းများကို သတိရှိကြပါသည်။ သို့သော် အခြားသော အစားအစာများသည်လည်း ကလေးငယ်များတွင် ဓာတ်မတည့်ခြင်း ဖြစ်နိုင်သည်ကို သိရှိထားရန် လိုအပ်ပါသည်။ သတိထားစားသောက်ရမည့် အစားအစာများနှင့် ပန်းနာ၊ နှင်းခူ၊ ဓာတ်မတည့်ခြင်း ရာဇဝင်ရှိသော ကလေးများ ရှောင်ရှားရမည့် အစားအစာအချို့ကို ဖော်ပြပေးပါမည်။

 

၁။ နွားနို့

 နွားနို့တွင်ပါဝင်သော ပရိုတင်းဓာတ်သည် ခန္ဓာကိုယ်ထဲရှိ Lactase အင်ဇိုင်းများကို လျော့နည်းစေနိုင်ကာ ကလေးငယ်ကို Lactase ဓာတ်မတည့်ခြင်းဖြစ်စေနိုင်ပါသည်။ ကလေးအသက် လေးလအထိ မိခင်နို့တိုက်ကျွေးခြင်းသည် နွားနို့ဓာတ်မတည့်ခြင်းနှင့် နှင်းခူဖြစ်ပွားမှုအား ကလေးအသက် နှစ်နှစ်အထိကာကွယ်ပေးနိုင်ပါသည်။ ကလေးငယ်သည် နွားနို့ဓာတ်မတည့်တဲ့ လက္ခဏာဖြစ်ပွားပါက ထောပတ်၊ ဒိန်ခဲ၊ ရေခဲမုန့်၊ ဒိန်ချဉ်၊ နို့ဆီနှင့် အခြားသော နွားနို့ဖြင့် ပြုလုပ်ထားသော အစားအစာများကို ရှောင်ရှားသင့်ပါသည်။ ကလေးငယ်၏ ကယ်လ်ဆီယမ်ဓာတ် ရရှိမှုကို ကယ်လ်ဆီယမ်ဓာတ် အားဖြည့်ထားသော ဖျော်ရည်ကဲ့သို့သော အစားအစာများထဲမှ ရယူပါ။


၂။ ပဲပိစပ်

 ပဲပိစပ်ဓာတ် မတည့်ခြင်းခ့စားရသော ကလေးငယ်သည် တို့ဟူး၊ မြေပဲ၊ ပဲအမျိုးမျိုး၊ ပဲပိစပ်ဆော့နဲ့ ပဲပိစပ်ဖြင့်ပြုလုပ်ထားသော အစားအစာများကိုပါ ဓာတ်မတည့်ခြင်း ခံစားရပါသည်။ 


၃။ ဂျုံ

 ကလေးငယ်အသက် အနည်းဆုံးခြောက်လမှ ရှစ်လတိုင်အောင် ဆန်ထွက်အစားအစာများကို စားသုံးသင့်ပါသည်။ ဂျုံအပြင် ကလေးငယ်ကို ဓာတ်မတည့်ခြင်းဖြစ်စေသည့် အစားအစာများမှာ ပေါင်မုန့်နှင့် ဂလူးတင်၊ ဂျုံစပါးတို့ဖြင့် ပြုလုပ်ထားသော အစားအစာများ ဖြစ်ပါသည်။


၄။ မြေပဲ

 ကလေးငယ်၏ အသက်လေးနှစ်မှ ငါးနှစ်ဝန်းကျင်ရောက်မှသာ မြေပဲကို ကျွေးသင့်သည်။ မြေပဲဓာတ်မတည့်သောကလေးများသည် အစားအစာတွင် မြေပဲအနည်းငယ်ပါလျှင်ပင် အလွန်အကျွံ ဓာတ်တုံ့ပြန်မှု ဖြစ်တတ်သည်။ သို့ဖြစ်ရာ မြေပဲပါသော အစားအစာများမှာ အားလုံးကို ရှောင်လျှင်ာအကောင်းဆုံးဖြစ်သည်။ 


၅။ ဥများ

 ဥများ၏ အဖြူရောင်အနှစ်တွင် ပရိုတင်းများ ပါဝင်ရာ ကလေးငယ်ကို ဓာတ်မတည့်ခြင်း ဖြစ်စေနိုင်ပါသည်။ ကလေးငယ်များတွင် ဥကြောင့် ဓာတ်မတည့်ခြင်း မဖြစ်စေရန် အသက်တစ်နှစ်အောက် ကလေးများကို ဥများထဲရှိ အဖြုရောင်အနှစ်များကို မကျွေးသင့်ပါ။ ဥများနှင့်ဓာတ်မတည့်သော ကလေးငယ် ဥ (သို့) ပြုလုပ်ထားသော အစားအစာများ စားသောက်လိုက်သည့်အခါ ၎င်းတို့၏ ကိုယ်ခန္ဓာ ခုခံအားစနစ်သည် ခန္ဓာကိုယ်ကို ကာကွယ်သည့်အနေဖြင့် Histamine ခေါ် ဓာတုပစ္စည်း ထုတ်လွှတ်ပါသည်။ ထိုအခါ အသက်ရှူကျပ်ခြင်း၊ ပျို့ခြင်းနှင့် ယားယံခြင်းတို့ ဖြစ်ပေါ်ပါသည်။ သို့သော် ကလေးအများစုသည် အသက်ငါးနှစ်အရွယ်ရောက်လျှင် ဥများနှင့်ဓာတ်မတည့်ခြင်း ခံစားရမှု သက်သာသွားတတ်ကြပါသည်။


Credit: ဇော်လင်းမြင့် (ဆေး/မန်း)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18