Print

အမှောင်ထဲမှာ ဖုန်းကြည့်ရင်ကျန်းမာရေးအတွက် ဘာတွေဖြစ်လာနိုင်လဲ

  21-Apr-2017
Preview Image

သင်ဟာ ညဘက်အိပ်ယာအမှောင်ထဲမှာ ဖုန်းနဲ့ Facebook သုံးတာ၊ ဗီဒီယိုကြည့်တာ လုပ်တတ်သူလား ??အမှောင်ထဲမှာဖုန်းကြည့်ရင်ကျန်းမာရေးအတွက်ဘာတွေဖြစ်လာနိုင်လဲ ??


သင်ကိုယ်တိုင်ဖြစ်စေ၊သင့်ပတ်ဝန်းကျင်ကချစ်ခင်ရသူတွေအတွက်ဖြစ်စေသိထားသင့်ပါတယ်။ဖုန်း၊ Laptop ၊ ကွန်ပြူတာ၊ တီဗွီအစရှိသည်တို့မှအပြာရောင်အလင်းတန်းများထွက်ပြီး ကျန်းမာရေးအတွက်ဆိုးကျိုးများဖြစ်စေနိုင်ပါတယ်။သို့သော် အလင်းတန်းအားလုံးသည် မတူညီကြပေ။ အပြာရောင်အလင်းတန်းများအနေဖြင့် နေ့ဘက်အတွက်တော့ ကျန်းမာရေးအတွက် တက်ကြွစေခြင်း၊ စိတ်ခံစားမှုကောင်းစေခြင်း အစရှိသဖြင့် ကောင်းကျိုးဖြစ်စေတတ်သည်။


အပြာရောင်အလင်းတန်းများသည် ညဘက်အတွက်မူ ဆိုးကျိုးများသာ အဖြစ်များသည်။ဖုန်း (သို့) တီဗွီမျက်နှာပြင်မှထွက်သော လျှပ်စစ်ဓာတ်သည် အပြာရောင်အလင်းတန်းများကို ပိုမိုဖြစ်စေသည်။  ညဘက်အလုပ်လုပ်ခြင်းနှင့် ညဘက်တွင် အလင်းကိုကြည့်ခြင်းသည် အောက်ပါကျန်းမာရေးဆိုးကျိုးများကို ဖြစ်စေနိုင်သည်။


(၁) မျက်စိထိခိုက်စေခြင်း

   အမြင်ဝေဝါးစေခြင်း၊ အတွင်းတိမ်ဖြစ်ခြင်း၊ ရောဂါဆိုးရွားပါကအမြင်အာရုံဆုံးရှုံးသည့်အထိ ဖြစ်စေနိုင်သည်။


(၂) နှလုံးရောဂါ


(၃) ဆီးချိုရောဂါ

      ညဘက်ဇီဝနာရီပျက်စီးပါက သွေးတွင်းသကြားဓာတ်များလာကာ ဆီးချိုကိုပိုဖြစ်လာစေနိုင်သည်။


(၄) အဝလွန်ခြင်း

   ကိုယ်ခန္ဓာမှLeptinဟုခေါ်သည့်အစာစားပြီးပြည့်ဝခြင်းဓာတ်ကိုလျော့နည်းစေသောကြောင့် ပိုစားစေကာ အဝလွန်စေနိုင်သည်။


(၅) အိပ်ရေးမဝစေခြင်း ၊ အိပ်ပျော်ဖို့ခက်ခဲခြင်း

    အလင်းရောင်သည် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေခြင်းကို တားဆီးသောကြောင့် အိပ်သော်လည်းအိပ်ရေးမဝခြင်းကိုဖြစ်စေတတ်သည်။အိပ်ရေးမဝပါကနောက်ဆက်တွဲဆိုးကျိုးများအနေဖြင့် စိတ်ဓာတ်ကျခြင်း၊ အထီးကျန်ခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါများ ဖြစ်စေနိုင်သည်။


(၆) ကိုယ်ခံအားကျလာစေခြင်း


(၇)စိတ်စုစည်းမှုအားနည်းလာခြင်း၊မှတ်ညဏ်လျော့နည်းစေခြင်း၊သင်ကြားနိုင်စွမ်းနည်းလာခြင်း။


(၈) ကင်ဆာအမျိုးမျိုး ( ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ )


 (၉)  ညဘက်တွင် အလင်းသည် ကိုယ်ခန္ဓာမှ  ဇီဝနာရီကိုထိန်းချုပ်ထားသော Melatonin ဓာတ်ကိုလျော့နည်းစေသည်။Melatoninဓာတ်လျော့နည်းခြင်းသည်ကင်ဆာများဖြစ်ပွားနှုန်းကို မြင့်မားစေသည်။



အထက်ပါ ကျန်းမာရေးအချက်များဖြစ်စေနိုင်သောကြောင့် ဘယ်လိုဆက်ပြီး ပြုပြင်သင့်လဲ???

- ညဘက်အတွက် အနီရောင်မီးရောင်ဖျော့ဖျော့သာ အသုံးပြုပါ။ အနီရောင်သည် ဇီဝနာရီကို ပြောင်းလဲစေမှု အနည်းဆုံးသော မီးရောင်ဖြစ်သည်။ Melatonin ဓာတ်ကို လျော့ကျစေမှုလည်း နည်းသည်။


- မအိပ်ခင် ၂နာရီ ၃နာရီထက်စော၍ ဖုန်းသုံးခြင်း၊ ကွန်ပြူတာသုံးခြင်းများကို ရပ်တန့်လိုက်ပါ။


- ညဆိုင်းအလုပ်လုပ်ရသူ (သို့) ညဘက်တွင် လျှပ်စစ်ပစ္စည်းများအရမ်းသုံးရပါက အပြာအလင်းတန်းများကို ကာကွယ်ပေးသော မျက်မှန်သုံးခြင်း (သို့) အပြာရောင်အစိမ်းရောင်အလင်းများကို ကာကွယ်ပေးသော အက်ပလီကေးရှင်း Application များသုံးခြင်း။


- မနက်ဘက်တွင် အလင်းရောင်များများနှင့် ထိတွေ့ပါ။ ထိုသို့ပြုလုပ်ခြင်းသည် နေ့ခင်းဘက်တွင် စိတ်ပျော်ရွှင်ပြီး တက်ကြွလန်းဆန်းစေကာ ညဘက်တွင် ကောင်းကောင်းအိပ်ပျော်စေနိုင်သည်။


.......  ကဲ .... အခုကစပြီး ညဘက် Facebook သုံးတာလေးတွေ ရုပ်ရှင်ထိုင်ကြည့်တာလေးတွေ လျှော့ကြတော့နော်။


ကျန်းမာသုခနှင့် ပြည့်စုံပြီး ပျော်ရွှင်သောဘဝကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။


Dr.Greenbud ( 7887 Healthcare call center )



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18