Print

Pancreatic Cancer (မုန့်ချိုအိတ်ကင်ဆာ)

  13-Dec-2018
Preview Image

မုန့်ချိုအိတ်သည် ဝမ်းဗိုက်အတွင်း အစာအိမ်နောက်ပိုင်းတွင်ရှိသော အင်္ဂါတစ်ခုဖြစ်ပြီး အစာချေရန်နှင့် သွေးတွင်းသကြားဓာတ်များကို ထိန်းညှိရန် အင်ဇိုင်းများထုတ်ပေးသည်။ မုန့်ချိုအိတ်ကင်ဆာမှာ လျင်မြန်စွာ ပျံ့နှံ့တတ်သည်။


လက္ခဏာများ                                                                         

မုန့်ချိုအိတ်ကင်ဆာ၏ လက္ခဏာများမှာ ရောဂါပြင်းထန်လာချိန်မှသာ ပေါ်ပေါက်လာတတ်သည်။

ရောဂါလက္ခဏာများအနေဖြင့်

·         ဝမ်းဗိုက်အထက်ပိုင်း အောင့်ခြင်း၊ ကျောဘက်ထိအောင် ပျံ့နှံ့၍အောင့်ခြင်း

·         အသားအရေနှင့် မျက်လုံးများ ဝါခြင်း

·         အစားအသောက်ပျက်ခြင်း

·         ကိုယ်အလေးချိန် သိသိသာသာ လျော့ကျသွားခြင်း

·         စိတ်ဓာတ်ကျခြင်း

·         သွေးခဲများ ဖြစ်ပေါ်ခြင်း ( အများအားဖြင့် ခြေထောက်ရှိ သွေးပြန်ကြောများတွင် အဖြစ်များသည်။)


ဖြစ်ပွားရသော အကြောင်းရင်းများ

မျိုးရိုးဗီဇဆိုင်ရာပစ္စည်း ( DNA ) မူမမှန် ပြောင်းလဲမှုကြောင့် မုန့်ချိုအိတ်အတွင်းရှိ ဆဲလ်များမထိန်းနိုင် မသိမ်းနိုင် ပွားလာသည်။ ထိုမူမမှန်ဆဲလ်များသည် မုန့်ချိုအိတ်ရှိ ပုံမှန်ဆဲလ်များသေဆုံးသွားသော်လည်း မပျက်စီးဘဲ ဆက်လက်ကျန်ရှိနေတတ်သည်။ ထိုဆဲလ်များ စုပုံလာရာမှ မုန့်ချိုအိတ်အတွင်းအလုံးတည်ခြင်း မုန့်ချိုအိတ်ကင်ဆာဖြစ်ပွားလာရသည်။ မုန့်ချိုအိတ်ကင်ဆာ အများစုသည် မုန့်ချိုအိတ်အတွင်းပြွန်ရှိဆဲလ်များမှ စတင်လေ့ရှိသည်။


အဖြစ်များသူများ

·         အာဖရိကန် - အမေရိကန်လူမျိုးများ

·         အလွန်ဝသူများ

·         နာတာရှည် မုန့်ချိုအိတ်ရောင်ရမ်းသူများ

·         ဆီးချိုသွေးချိုရှိသူများ

·         မိသားစုတွင်း မျိုးရိုးဗီဇဆိုင်ရာ ရောဂါရှိသူများ (Genetic Syndrome)

·         မျိုးရိုးတွင် မုန့်ချိုအိတ်ကင်ဆာရှိသူများ

·         ဆေးလိပ်သောက်သူများတွင် အဖြစ်များသည်။


နောက်ဆက်တွဲ ပြဿနာများ

မုန့်ချိုအိတ်ကင်ဆာ၏ နောက်ဆက်တွဲ ပြဿနာများအနေဖြင့်

·         မျက်လုံးနှင့် အသားများဝါခြင်း၊ ဆီးအရောင်ရင့်ခြင်း၊ ဝမ်းအရောင်ဖျော့ခြင်း

·         မုန့်ချိုအိတ်ကင်ဆာအလုံးမှာ အူသိမ်အတွင်းသို ပျံ့နှံ့သွားခြင်း၊ အူသိမ်အပေါ်တွင် ဖိမိခြင်းတို့ကြောင့် အူလမ်းကြောင်း ပိတ်ခြင်း

·         ကိုယ်အလေးချိန် သိသိသာသာ လျော့ကျသွားခြင်း တို့ဖြစ်ပွားနိုင်ပါသည်။


စစ်ဆေးခြင်း

ရောဂါလက္ခဏာများအရ မုန့်ချိုအိတ်ကင်ဆာဟု သံသယရှိပါက

·         ကိုယ်တွင်းအင်္ဂါများကို မြင်တွေ့နိုင်သော ကွန်ပြူတာ ဓာတ်မှန်ရိုက်ခြင်း ( CT) ၊ သံလိုက်ဓာတ်မှန်ရိုက်ခြင်း ( MRI ) တို့ကို ပြုလုပ်နိုင်သည်။

·         မုန့်ချိုအိတ်ပြွန်အတွင်းသို့ ရောင်ခြယ်အရည်များထိုးသွင်းပြီး မှန်ပြောင်းဖြင့် စစ်ဆေးခြင်း ( Endoscopic retrograde cholangiopancreatography )

·         မုန့်ချိုအိတ်မှ အသားစယူ၍ စစ်ဆေးခြင်း

·         သွေးစစ်ခြင်း တို့ကို ပြုလုပ်နိုင်ပါသည်။


ကုသခြင်း

မုန့်ချိုအိတ်ကင်ဆာသည် ဖြစ်ပွားသော နေရာနှင့် အဆင့်ကို လိုက်၍  ကုသပုံများ ကွာခြားနိုင်သည်။

·         မုန့်ချိုအိတ်ဦးပိုင်းရှိ ကင်ဆာအလုံးအကျိတ်ကို ဖြတ်ထုတ်ခြင်း

·         မုန့်ချိုအိတ် အမြီးပိုင်းနှင့် ခန္ဓာကိုယ်ပိုင်းရှိ အကျိတ်ကို ဖြတ်ထုတ်ခြင်း

·         ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း

·         ကင်ဆာဆေးများသွင်း၍ ကုသခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။


ကာကွယ်ခြင်း

ကင်ဆာ ဖြစ်ပွားမှုကို ကာကွယ်နိုင်ရန်

·         ဆေးလိပ်သောက်ခြင်းကို ရှောင်ကျဉ်ခြင်း

·         အဝမလွန်စေရန် ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း

·         ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကိုသာ စားသောက်ခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။

 

Lei

Healthcare.com.mm

Ref; Mayo Clinic

 သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18