Print

ဘယ်လောက်ဝိတ်ချချ ဗိုက်တစ်လုံးက မကျသွားရတဲ့ အံ့သြစရာအကြောင်းရင်းများ

  13-Dec-2018
Preview Image


တက်ဖို့လွယ်သလောက် ကျဖို့ခက်တဲ့အရာတွေထဲမှာ ဗိုက်အဆီက ထိပ်ဆုံးကပါဝင်ပါတယ်။ မို့မို့ဖောင်းဖောင်းလေးနဲ့ အနှစ်နှစ်အလလက စုဆောင်းထားခဲ့ရတဲ့ ရတနာသိုက်ကလေးအလား ဖြိုဖျက်ရခက်ခဲတတ်လို့ ဝိတ်ချနေတဲ့လူတိုင်းကို ထိုင်ငိုချင်စိတ်ပေါက်စေတဲ့အထိ အစွမ်းထက်တာဟာလည်း ဗိုက်အဆီပဲ ဖြစ်ပါတယ်။ အစားအသောက်ဆင်ခြင်တယ်။ လေ့ကျင့်ခန်းတွေ လုပ်တယ်။ ဒါပေမယ့် ကျန်တဲ့နေရာတွေ ကျသွားသလို ဗိုက်အဆီက မကျဘဲ တင်းခံနေတဲ့အခါ ပြန်လည်သုံးသပ်ဆင်ခြင်ရမယ့် အကြောင်းရင်းလေးတွေ ရှိလာပါတယ်။


ကောင်းမွန်တဲ့ အိပ်စက်ပုံမရှိလို့ညဘက်အိပ်ချိန်ပုံမှန်မရှိတာနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အိပ်စက်ပုံအိပ်စက်နည်းတို့ မရှိတာက ဗိုက်အဆီတွေကို မသွားပါနဲ့လို့ ဆွဲထားသလိုပဲ တည်မြဲနေစေပါတယ်။ အိပ်ရေးမဝတဲ့အခါ ခန္ဓာကိုယ်က အနားမရတဲ့အတွက်ကြောင့် အစာချေစနစ်ကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ပိုမိုတိုးမြင့်စေဖို့ရာ အခွင့်မသာဖြစ်စေလို့ ဗိုက်အဆီတွေဟာ တဝဲလည်လည် ရှိနေတတ်ပါတယ်လို့ သိရပါတယ်။


စိတ်ဖိစီးမှုများလို့

ဗိုက်အဆီတွေစုတာနဲ့ ဘယ်လောက်ဝိတ်ချချ မကျသွားတဲ့ ဗိုက်ခေါက်ဟာ စိတ်ဖိစီးမှုကြောင့်လည်း အများကြီးသက်ဆိုင်ပါတယ်။ အကြီးအကျယ် စိတ်ဖိစီးတာနဲ့ စိတ်ကျရောဂါတွေဟာ သကြားတွေစားသုံးတဲ့အခါ ခန္ဓာကိုယ်က ရောင်ရမ်းစေသလိုပဲ ထပ်တူကျတဲ့ ရောင်ရမ်းမှုကို ဖြစ်စေပါတယ်။ ကိုယ်တွင်းက ဆဲလ်တွေဟာလည်း အဲ့ဒီ့ရောင်ရမ်းမှုကို ပြန်လည်တုံ့ပြန်ရင်း ကြီးထွားလာကြလို့ ဗိုက်ခေါက်ဟာ ဒုံရင်းကဒုံရင်းအတိုင်း ရှိနေတတ်ပါတယ်။


အမျှင်ဓာတ်အလုံအလောက်မစားသုံးလို့

နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ အမျှင်ဓာတ်အလုံအလောက် မပါဝင်တဲ့အခါမှာလည်း ဗိုက်အဆီတွေ မကျဘဲ ဖြစ်တတ်ပါတယ်။ လေ့လာမှုတွေအရ အူထဲမှာ bactericides လို့ခေါ်တဲ့ ဘက်တီးရီးယားအမျိုးအစား ရှိနေတဲ့ အမျိုးသမီးတွေဟာ အခြားသော အမျိုးသမီးတွေထက် ပိုပြီး ဗိုက်အဆီရှိနိုင်တယ်လို့ သိရပါတယ်။ အဲ့ဒီဘက်တီးရီးယားကို ဖြိုခွဲနိုင်ဖို့အတွက်ဆို အမျှင်ဓာတ်ပါဝင်တဲ့ အစားအစာတွေကို များများပိုစားပေးသင့်ပါတယ်။


ပရိုဘိုင်အိုတစ်တွေ မစားသုံးလို့

ကိုယ်တွင်းက ဘက်တီးရီးယားတွေကို အမြစ်ဖြတ်တိုက်ထုတ်ပေးနိုင်တဲ့ အရေးကြီးတဲ့အရာတစ်ခုကတော့ ပရိုဘိုင်အိုတစ်တွေပါပဲ။ သဘာဝဒိန်ချိန်လိုမျိုး အချဉ်ဖောက်ထားတဲ့ အစားအစာတွေဟာ အူကျန်းမာရေးအတွက် မရှိမဖြစ် စားသုံးသင့်တဲ့ ပရိုဘိုင်အိုတစ်တွေ ဖြစ်ပါတယ်။ အူလမ်းကြောင်း ကျန်းမာရေးကောင်းနေတာနဲ့အမျှ အူနံရံတွေမှာ ရောင်ရမ်းမှုတွေ လျော့ကျသွားမှာဖြစ်တာကြောင့် အူတွင်းက အဆီတွေကို  ပိုပြီးလောင်ကျွမ်းစေနိုင်တယ်လို့ သိရပါတယ်။

BPA မပါဝင်တဲ့ရေကို သောက်သုံးပါ။


သင်နေ့စဉ်သောက်သုံးနေတဲ့ ပလတ်စတစ်ရေဘူးတွေကို သတိမေ့ကောင်းမေ့နေပါလိမ့်မယ်။ သို့ပေမယ့် အဲ့ဒီ့ရေဘူးတွေထဲမှာ ကိုယ်တွင်းက ဟော်မုန်းတွေကို ဖျက်ဆီးတတ်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်နေတတ်ပါတယ်။ နေ့စဉ်ရက်ဆက် ဒီလိုရေဘူးတွေနဲ့ ရေသောက်သုံးတဲ့အခါ ကိုယ်တွင်းအစာချေစနစ်ကို နှောင့်ယှက်ဖျက်ဆီးစေပြီး အူတွင်းနံရံက အဆီတွေကိုလည်း လှုပ်ရှားဖို့ငှာ အခွင့်မသာဖြစ်စေပါတယ်။ ဒါကြောင့် ပလတ်စတစ်ရေဘူးတွေနဲ့ ရေသောက်သုံးတာကို တတ်နိုင်သလောက် ရှောင်ကျဉ်သင့်ပါတယ်။


အချိန်တိုအတွင်းတင်ပါးကြီးလာစေမယ့် သဘာဝနည်းလမ်းများ

မိန်းကလေးတွေရဲ့ အလှပအပဟာ ရုပ်ရည်ကလေးတစ်ခုတည်းနဲ့ မပြည့်စုံပါဘူး။ ရှိုက်ဖိုကြီးငယ် အသွယ်သွယ်-ဆိုတာလိုပဲ ဖုသင့်တဲ့နေရာ ဖု၊ ဖောင်းသင့်တဲ့ နေရာ ဖောင်းရပါတယ်။ အခု ဖော်ပြမှာကတော့ အမျိုးသမီးတို့ ဘဝမှာ အရေးပါလှတဲ့ တင်ပါးအလှအကြောင်းပါ။ ဒီတော့ ပုရိသတို့ မျက်လုံးထဲမှာ စွဲမြဲစေဖို့ တင်ပါးသေးငယ်လှတဲ့ အမျိုးသမီးတွေအအတွက် တင်ပါးကြီးအောင်လုပ်နည်း (၃)မျိုးကို ဖော်ပြပေးလိုက်ပါတယ်။


(၁) ခန္ဓာကိုယ်လေ့ကျင့်ခန်းများ

(က) လမ်းလျှောက်ပုံကို ပြောင်းလဲပါ- လမ်းလျှောက်တဲ့အခါ ပုခုံးသားတွေကို နောက်ကို အနည်းငယ်ကော့ပါ၊ ရင်ကိုလည်း မသိမသာ ကော့ပါ။ ဒီနည်းဟာ တင်ပါးကြွက်သားတွေကို အားကောင်းစေတဲ့ နည်းဖြစ်ပါတယ်။ လမ်းလျှောက်တဲ့အခါမှာ လှမ်းတဲ့ခြေထောက်နဲ့ ကျန်တဲ့ခြေထောက်ဟာ ဖြစ်နိုင်သမျှ မျဉ်းတစ်ကြောင်းတည်း ညီပါစေ။ မော်ဒယ်တွေ

Cat-walk လျှောက်တဲ့ပုံစံပါဘဲ။


(ခ) တင်ပါးကြွက်သားအတွက် လေ့ကျင့်ပါ- တင်ပါးကြွက်သားတွေအတွက် အကောင်းဆုံးနည်းကတော့ စောင့်ကြောင့် ထိုင်ခြင်း၊ ရှေ့သို့ ခြေကို ဆက်ကနဲလှမ်းပြီး နောက်ခြေထောက်ကို ကွေးညွှတ်ခြင်း၊ ခြေထောက်နောက်ပြန် ကန်ခြင်း (သို့) နောက်ကို လွှဲခြင်း-တို့ ဖြစ်ပါတယ်။


(ဂ) လူကို ပတ်လက်အနေအထားနဲ့ ခြေထောက်တွေကို အဖြောင့်အနေအထားအတိုင်း မတင်ခြင်းလုပ်ပါ။


(ဃ) ရေကူးခြင်း၊ ဂျွမ်းဘားကစားခြင်း၊ ဘောလီဘောကစားခြင်း၊ မနှေးမမြန်ပြေးခြင်း-တို့ဟာလည်း တင်ပါးကြွက်သားတွေအတွက် ကောင်းပါတယ်။


(င) ဝိတ်ချပါ- ဝိတ်မချဘူးဆိုရင် တင်ပါးကို အဆီပိုတွေ စုသွားပါတယ်။ ဒီတော့ အစားအစာ ရှောင်ခြင်းထက်၊ အားကစားပုံမှန်လုပ်ရင် ခန္ဓာကိုယ်အလေးချိန်ကို ထိန်းပေးနိုင်ပါတယ်။


(၂) အဝတ်အစားကို ပြောင်းလဲပါ

(က) အဝတ်အစားဝတ်တဲ့အခါ- ဘောင်းဘီဆိုရင်လည်း တင်ပါးကြွက်သားကို ကျစ်လစ်စေတဲ့၊ ပင်တင်ပေးနိုင်တဲ့ ဘောင်းဘီကို ဝတ်ပါ၊ နောက်မှာ အိတ်ကပ်နှစ်ခုပါတဲ့ ဘောင်းဘီမျိုးကို ရွေးချယ်ဝတ်ဆင်ပါ။ ဒါဟာ တင်ပါးကို ရှိတဲ့အရွယ်အစားထက် ပိုကြီးတယ်လို့ ထင်ရစေပါတယ်။ ဒါ့အပြင် ခါးသိမ်စေတဲ့ ဘောင်းဘီမျိုးလည်း ဝတ်ဆင်သင့်ပါတယ်။


ဒါကတော့ခါးအလှကိုပါ ထိန်းပေးပြီးသားဖြစ်ပြီး တင်ပါးရဲ့အလှကိုလည်း ပိုမိုပေါ်လွင်စေပါတယ်။

(ခ)  ခါးအလှကို ဂရုစိုက်ပါ- ခါးတုတ်တဲ့ အမျိုးသမီးတွေဆိုလည်း ခါးသိမ်စေမယ့် ခါးသိမ်တယ်လို့ ယူစရစေနိုင်တဲ့ အဝတ်အစားမျိုးကို များများ ဝတ်ပါ။ ဥပမာ- ကြိုးစည်းဂါဝန်-လိုဟာမျိုးတွေဟာ သင့်တော်ပါတယ်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18