Print

AIDS (ခုခံအားကျဆင်းမှု ကူးစက်ရောဂါ)

  26-Oct-2018
Preview Image

AIDS ဆိုသည်မှာ HIV/AIDS ကြောင့်ဖြစ်သော လိင်မဆိုင်ရာကူးစက် ရောဂါဖြစ်သည် HIV ရောဂါပိုးရှိသော သူ၏သွေး၊ မိန်းမကိုယ်မှအရည်(သို့) ယောင်္ကျားသုတ်ရည်များမှ အခြားသူတစ်ဦးသို့ ကူးစက်သွားနိုင်သည်။ လိင်ဆက်ဆံစဉ် အမျိုးသမီးများသည်အမျိုးသားများထက် HIV ပိုးရရှိ ရန်လွယ်ကူသည်။ လုံံးဝကျန်းမာသည်ဟု ထင်ရသောသူတစ်ဦးမှ HIV ပိုးရရှှိနိုင်သည်။ HIV အတွက်ကုသရန် ဆေးမရှိပါ။ ဖြစ်နိုင်ပါက HIV/AIDS ရှိနိုင်သည်ဟု ထင်ရသောသူနှင့် လိင်ဆက်ဆံမှု မပြုလုပ်ပါနှင့်။ မိမိကိုယ်ကို ကာကွယ်ရန် latex လိင်စွပ် (ကွန်ဒုံး) ကိုလိင်ဆက်ဆံတိုင်း အသုံးပြုပါ။

B ပိုးအသည်းရောင်အသားဝါခြင်း
B ပိုးအသည်းရောင်အသားဝါ ရောဂါသည် အသည်းအားထိခိုက်စေသော အလွန်အန္တရာယ်များသည့် ကူးစက်ရောဂါ ဖြစ်သည်။ B ပိုး Virus ရှိသူ၏သွေး၊ တံထွေး၊ မိန်းမကိုယ်မှအရည် (သို့) ယောင်္ကျားသုတ်ရည်မှ အခြားသူတစ်ဦးထံ ရောဂါကူးစက် သွားနိုင်သည်။ တစ်ဦးမှတစ်ဦးသို့ လွယ်ကူစွာ (အထူးသဖြင့် လိင်ဆက်ဆံစဉ်) ကူးစက်နိုင်သည်။

လက္ခဏာများ

• အဖျားရှိခြင်း။
• ခံတွင်းပျက်ခြင်း၊ ပျို့အန်ခြင်း။
• မောပန်းအားနည်းခြင်း။

လိင်မဆိုင်ရာ ကူးစက်ရောဂါများ ရှိနေပါက AIDS ရောဂါရရှိနိုင်ရန် ပိုမိုလွယ်ကူသည်။ HIV ပိုးသည်အနာများနှင့် ခန္ဓာကိုယ်မှထွက်သော အရည်များမှတစ်ဆင့်ကူးစက်နိုင်သည်။ အကယ်၍ သင်၏အဖော်သည် အထက်ပါလက္ခဏာ အချို့ရှိခဲ့ပါက လုံးဝပျောက်ကင်းသည်အထိ သူနှင့် လိင်မဆက်ဆံပါနှင့်၊ B ပိုးကာကွယ် ဆေးထိုးနိုင်ရန် ကျန်းမာရေး လုပ်သားထံမေးမြန်းပါ။
• မျက်စိနှင့် (သို့) အသားရောင်ဝါလာခြင်း။
• ဝမ်းဗိုက်နာခြင်း။
• ဆီးအရောင်ရင့်ပြီး ဝမ်းအရောင်ဖျော့ခြင်း။
• မည်သည့်လက္ခဏာမှမရှိခြင်း။

ကုသမှု
ကုသရန်ဆေးမရှိပါ။ ဆေးသောက်ပါက အသည်းအားပို၍ ထိခိုက်လိမ့်မည်။ လူအများစုသည် B ပိုးအသည်းရောင်အသားဝါ ရောဂါမှပြန်ကောင်းလာနိုင်ကြသည်။ လူအနည်းစုတွင် နာတာရှည် အသည်းရောဂါ၊ ကင်ဆာရောဂါများဖြစ် ပွားနိုင်သည်။ အနားယူနိုင်သမျှ အနားယူပြီး အစာကြေလွယ်သော အစာများကိုစားသုံးပါ။ အနည်းဆုံံး၆ လခန့်အရက်မသောက်ပါနှင့်။

ကိုယ်ဝန်ဆောင်နှင့် အသည်းရောင်အသားဝါရောဂါ

အကယ်၍ ကိုယ်ဝန်ရှိနေစဉ် အထက်ပါ လက္ခဏာများ ရှိပါက ကျန်းမာရေး လုပ်သားနှင့် တွေ့ဆုံပါ။ သင်၏ရင်သွေးအား ရောဂါမကူးစက်စေရန် ကာကွယ်ဆေး ထိုးပေးနိုင်သည်။

ReF: WEAVE

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18