Print

မျက်ခုံးပုံဖော်ထိုးခြင်း၏ အကျိုးအပြစ်များ

  30-Oct-2018
Preview Image


မျက်ခုံးပုံဖော်ထိုးခြင်းဟာ အနောက်နိုင်ငံတွေမှာ အကြီးအကျယ်ရေပန်းစားလာတဲ့ အလှအပရေးရာ ဖန်တီးမှုတစ်ခု ဖြစ်ပါတယ်။ မွေးရာပါ မျက်ခုံးမွှေးနဲ့မတူဘဲ ပိုထူ၊ ပိုထင်း၊ ပိုလှတဲ့ မျက်ခုံးပုံစံမျိုး ရရှိစေတဲ့အတွက် လူကြိုက်များရခြင်းဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ မျက်ခုံးပုံဖော်ထိုးခြင်းအကြောင်း သိကောင်းစရာတွေနဲ့ အားနည်းချက် အားသာချက်တွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

 

တကယ်တော့ မျက်ခုံးပုံဖော်ထိုးခြင်းဟာ အလှအပရေးရာ စီးပွားရေးလုပ်ငန်းတွေ အားကောင်းတဲ့ အာရှဒေသကနေ စတင်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း မလေးရှားနိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ကနေ စတင်ခေတ်စားလာခဲ့ပြီး အမေရိကန်ပြည်ထောင်စုအထိ ထိုးဖောက်နိုင်ခဲ့ပါတယ်။မျက်ခုံးပုံဖော်ထိုးခြင်းကို 3D မျက်ခုံးထိုးခြင်း၊ မျက်ခုံးအရောင်သွင်းခြင်း၊ မျက်ခုံးတက်တူးထိုးခြင်း၊ မျက်ခုံးအနုစိတ်ပုံဖော်ခြင်း စသည်ဖြင့် အမည်အမျိုးမျိုးနဲ့ ခေါ်ဝေါ်ကြပါတယ်။

 

၁၉၆ဝ၊ ၁၉၇ဝ ပြည့်နှစ်ဝန်းကျင်က ခေတ်စားခဲ့တဲ့ နက်ပြာရောင်မင်နဲ့ မျဉ်းတစ်ဖြောင့်ထဲ ထိုးရပြီး အချိန်ကြာလာတာနဲ့အမျှ အရောင်ပြယ်လာတဲ့ မျက်ခုံးတက်တူးနဲ့ မတူဘဲ ခေတ်ပေါ်မျက်ခုံးပုံဖော်ထိုးခြင်းဟာ သင့်အသားအရောင်၊ ဆံပင်အရောင်နဲ့ လိုက်ဖက်မယ့် သဘာဝဆန်ဆန် မျက်ခုံးလှလှ ရရှိစေမှာ ဖြစ်ပါတယ်။ အလှအပပညာရှင်က အဖျားချွန်တဲ့ ဘရိတ်ဒါးပါးပါးအသုံးပြုပြီး သင့်အရေပြားထဲကို ယာယီအရောင်ခြယ်မှုန်လေးတွေ သွင်းပေးမှာဖြစ်ပါတယ်။ အရောင်ခြယ်မှုန်လေးတွေကို မျက်ခုံးမွှေးပေါက်တဲ့ ဦးတည်ဘက်အတိုင်း သွင်းပေးခြင်းအားဖြင့် 3Dမျက်ခုံးလို့ခေါ်တဲ့ သဘာဝဆန်ပြီး ကြွတက်နေတဲ့ မျက်ခုံးတစ်စုံကို ရရှိစေမှာ ဖြစ်ပါတယ်။

 

မင်၊ တက်တူးသေနတ် အသုံးပြုစရာမလိုဘဲ သင့်အသားအရောင်၊ ဆံပင်အရောင်နဲ့ လိုက်ဖက်မယ့် အရောင်ခြယ်မှုန်အမျိုးအစားကို ရွေးချယ်အသုံးပြုရမှာ ဖြစ်တဲ့အတွက် မျက်ခုံးပါးသူတွေအတွက်သာမက မျက်ခုံးထူချင်သူတွေ၊ အရောင်ရင့်ချင်သူတွေကိုပါ ဆန္ဒပြည့်စေမှာ ဖြစ်ပါတယ်။

 

မျက်ခုံးပုံဖော်ထိုးဖို့ ဘာတွေပြင်ဆင်ရမလဲ။

မျက်ခုံးတစ်ခါထိုးပြီးရင် နှစ်နှစ်ကနေ သုံးနှစ်အထိ ခံမှာဖြစ်တဲ့အတွက် ကျွမ်းကျင်တဲ့ အလှအပပညာရှင်ကို ရွေးချယ်ဖို့ လိုပါလိမ့်မယ်။ အင်တာနက်မှာ စေ့စေ့စပ်စပ် ရှာဖွေခြင်းအားဖြင့် ယုံကြည်စိတ်ချရမယ့် ပညာရှင်ကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ အကယ်၍ ပင်လယ်ကမ်းခြေဆီ ခရီးထွက်ဖို့ အစီအစဉ်ရှိတယ်ဆိုရင်တော့ မသွားခင်ရက်မှာ မျက်ခုံးထိုးမသွားမိဖို့ သတိပြုရပါလိမ့်မယ်။ မျက်ခုံးပုံဖော်ထိုးတာဟာ တက်တူးထိုးတာမဟုတ်ပေမယ့် ထုံဆေးလိမ်းထားလျက်နဲ့တောင် နာကျင်မှုကို ခံစားရနိုင်ပါတယ်။ ထိုးဖူးသူအများစုကတော့ နားဖောက်သလို၊ စုပ်ထိုးသလိုနာတယ်လို့ မှတ်ချက်ပေးကြပါတယ်။ မျက်ခုံးတစ်ခါထိုးရင် အနည်းဆုံး နာရီဝက်ကနေ တစ်နာရီအထိ အချိန်ပေးရမှာ ဖြစ်ပါတယ်။ အလှအပပညာရှင်ရဲ့ အတွေ့အကြုံ၊ အသုံးပြုတဲ့ အရောင်ခြယ်ပစ္စည်းရဲ့ အရည်အသွေးကိုလိုက်ပြီး ပျမ်းမျှ ဒေါ်လာ ၄ဝဝဝန်းကျင် ကုန်ကျမှာဖြစ်ပါတယ်။


မျက်ခုံးပုံဖော်ထိုးခြင်း၏ အားသာချက်များ

မျက်ခုံးပုံဖော်ထိုးခြင်းရဲ့ အားသာချက်တွေ ပြောမကုန်နိုင်အောင် အများကြီးရှိပါတယ်။ မျက်ခုံးထင်းထင်းနဲ့ ရုပ်ရှင်သရုပ်ဆောင် ကာရာဒယ်လီဗင်း ကျော်ကြားလာတဲ့အချိန်ကစပြီး မျက်ခုံးဟာ လူတစ်ယောက်ရဲ့ ရုပ်သွင်ပြင်ကို ဘယ်လောက်တောင် ပြောင်းလဲစေတယ်ဆိုတာကို သတိပြုမိလာကြတာပဲ ဖြစ်ပါတယ်။

 

အားသာချက်တချို့ကို ပြောရမယ်ဆိုရင်

• ကိုယ့်စိတ်ကြိုက်ပုံစံ ပုံဖော်ထိုးနိုင်တဲ့အတွက် မျက်ခုံးမွှေးပါးသူတွေ စိတ်မလုံမလဲဖြစ်စရာ မလိုတော့ပါဘူး

• မျက်ခုံးအလှပြင်ပစ္စည်းတွေဖြစ်တဲ့ ဂျယ်လ်၊ ခရင်မ်၊ ပေါင်ဒါ ဘာတစ်ခုမှ ထပ်သုံးစရာမလိုတော့တဲ့အတွက် ရေရှည်မှာ ငွေကုန်ကြေးကျ သက်သာနိုင်ပါတယ်။

• မနက်စောစောထပြီး မျက်ခုံးမွှေးဆွဲဖို့ အချိန်ပေးစရာ မလိုတော့ပါဘူး

• ရေကူးကန်ပါတီ၊ ပင်လယ်ကမ်းခြေ ဘယ်ကိုပဲသွားသွား၊ ပူအိုက်တဲ့ရာသီဥတုမှာ ချွေးဘယ်လောက်ထွက်ထွက် မျက်ခုံးမွှေးပျက်မှာ မပူရတော့ပါဘူး


မျက်ခုံးပုံဖော်ထိုးတာဟာ တကယ်ပဲ စိတ်ချရရဲ့လား

ယုံကြည်စိတ်ချရတဲ့ အလှပြင်စင်တာတွေမှာ ပြုလုပ်မယ်ဆိုရင် မျက်ခုံးပုံဖော်ထိုးတာဟာ အန္တရာယ်ဖြစ်နိုင်ချေနည်းတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

အကယ်၍ သင်ဟာ အရည်အသွေးကောင်းတာထက် ဈေးသက်သာတာကို ဦးစားပေးမယ်ဆိုရင် ကိုယ့်ကို မျက်ခုံးပုံဖော်ပေးမယ့် ပညာရှင်မှာ ဒီပညာရပ်နဲ့ပတ်သက်တဲ့ အသိအမှတ်ပြုလက်မှတ် ရှိမရှိ၊ အသုံးပြုမယ့် ပစ္စည်းတွေကို စနစ်တကျ ပိုးသတ်ထားခြင်း ရှိမရှိ၊ ဘက်တီးရီးယားပိုးမွှား ကူးစက်ခံရခြင်း၊ ဓာတ်မတည့်ခြင်းတို့မှ ကာကွယ်ကုသပေးခြင်းရှိမရှိ သေချာစွာ စုံစမ်းပြီးမှ ရွေးချယ်သင့်ပါတယ်။

 

Hello Health Group



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18