Print

သွေးအားနည်းရောဂါ( Anemia )

  20-Aug-2018
Preview Image

အနီးမီးယားဆိုတာဘာလည်း
အနီးမီးယားဆိုတာဟာ သွေးထဲမှာပုံမှန်ရှိရမယ့် သွေးနီဥတွင် အောက်ဆီဂျင်ကို သယ်ယူပို့ဆောင်ပေးသောအရာ သံဓါတ်ပါသောအရာ Hemoglobin ပမာဏ(သို့မဟုတ် ပုံမှန် ပမမာဏထက် လျော့နည်းနေခြင်းကို ဆိုလိုပါတယ်။ တခါတလေမှာတော့ သွေးပမာဏBlood volumeလျော့နည်းနေခြင်း Hypovolemia ကိုလည်း အနီးမီးယားဖြစိနိုင်ပါသေးတယ် ။ဒါပေမယ့် hemoglobin ပမာဏကတော့ များနေပြီး hypovolemia ကိုဖြစ်စေတဲ့ အခြားအချက်တွေလည်း ရှိပါသေးတယ် ။ အဲဒါတွေကတော့ရေဓါတ်ခမ်းခြောက်ခြင်းနဲ့ အလွန်အမင်းအန်ခြင်းတို့ပဲ ဖြစ်ပါတယ်။

ပုံမှန်သွေးပမာဏလူတွေမှာဘယ်လောက်ရှိရမလည်း

ပုံမှန်ရှိရမည့် ဟေမိုဂလိုဘင်ပမာဏ
ယောက်ျား .....................13.0 - 18.0 g/dl
မိန်းမ............................11.5 - 16.5 g/dl

အနီးမီးယားကို ဘာတွေက ဖြစ်ပေါ်စေသလဲ
အသိများတဲ့ ထင်ရှားတဲ့အနီးမီးယားဖြစ်ပေါ်စေတဲ့ အချက်တွေကတော့သွေးထွက်များခြင်းကြောင့် အနီးမီးယားဖြစ်ခြင်း၊ ရာသီလာတဲ့သွေးပမာဏဟာအလွန်အမင်းများပြားနေခြင်း၊ သွေးထွက်များသောအနာများ၊ အစာအိမ်နင့်အှူလမ်းကြောင်းတွင် အနာများဖြစ်ပေါ်ခြင်း၊ ကင်ဆာများ အထူးသဖြင့် အူမကြီးကင်ဆာ စသည်တို့မှာ သွေးကိုတဖြည်းဖြည်းခြင်း စိမ့်ထွက်စေတဲ့အတွက်ကြောင့် အနီးမီးယားကို ဖြစ်ပေါ်စေပါတယ်။ Iron သံဓါတ်ချို့ယွင်းမှုကြောင့် ဖြစ်ပေါ်သော အနီးမီးယားရိုးတွင်းခြင်ဆီဟာ သွေးနီဥဆဲလ်တွေ ထုတ်လုပ်ဖို့အတွက် အိုင်းယွန်းကိုလိုအပ်ပါတယ်။ အိုင်းယွန်းဟာ Hemoglobin-moleculesတွေဖြစ်ပေါ်ဖို ့ပုံစံအတွက်အရေးကြီးတဲ့ နေရာကနေ ပါဝင်ဆောင်ရွက်ပေးပါတယ်။ အကယ်၍အိုင်းယွန်းရရှိမှုဟာကန့်သတ်ထားတယ် ဒါမှမဟုတ် အစားအသောက်မှာ သံဓါတ်အလုံအလောက်မပါဝင်ဘူးဆိုရင်အကျိုးဆက်အနေနဲ့ အနီမီးယားဖြစ်နိုင်ပါတယ်။ ဒါကိုတော့Iron-deficency-anemiaလို့ခေါ်ပါတယ်။

နာတာရှည်ရောဂါများကြောင့် ဖြစ်ပေါ်သောအနီးမီးယား
မည်သည့်နာတာရှည်ရောဂါမဆို အနီးမီးယားကို ဖြစ်ပေါ်စေနိုင်ပါတယ်။ နာတာရှည်ရောဂါတွေနဲ့ ပိုးဝင်ခြင်း(သို့မဟုတ်) ကင်ဆာရောဂါတွေဟာ ဒီလိုမျိုးအနီးမီးယားကို ဖြစ်ပေါ်စေပါတယ်။ ကျောက်ကပ်ရောဂါနှင့် ဆက်နွယ်သော အနီးမီးယားကျောက်ကပ်ဟာ erythropoietinလို့ခေါ်တဲ့ ဟော်မုန်းတမျိုးကို ထုတ်လုပ်ပေးပါတယ်။ အဲဒီကောင်က ရိုးတွင်းခြင်ဆီတွေ သွေးနီဥဆဲလ်တွေ
ထုတ်လုပ်တဲ့နေရာမှာ ကူညီပေးပါတယ်။ နာတာရှည်ကျောက်ရှိတဲ့လူတွေမှာဒီဟော်မုန်းထုတ်လုပ်မှုဟာ လျော့နည်းသွားပါတယ်။ တဆက်တည်းမှာပဲ သွးနီဥဆဲလ်တွေ ထုတ်လုပ်မှုဟာလည်း လျော့နည်းသွားပါတယ်။ ဒီလိုမျိုးကိုတော့ anemia related to chronic kidney diseases လို့ခေါ်ပါတယ်။

အာဟာရချို့တဲ့မှုကြောင့်ဖြစ်ပေါ်သောအနီးမီးယား
ဗီတာမင် နဲ့သတ္တုဓါတ်တွေဟာ သွေးနီဥဆဲလ်ထုတ်လုပ်ဖို့အတွက် လိုအပ်ပါတယ်။ အိုင်းယွန်းအပြင် B12 နဲ့ folate ကလည်း hemoglobin ထုတ်လုပ်ဖို့အတွက် လိုအပ်ပါတယ် ။ ဒီအထဲက ဘယ်အရာပဲဖြစ်ဖြစ် ချို့ယွင်းသွားမယ်ဆိုရင် သွေးနီဥဆဲလ်တွေ ထုတ်လုပ်တာကို လျော့နည်းသွားစေတဲ့အတွက်အနီးမီးယားကို ဖြစ်ပေါ်စေပါတယ် ။ အာဟာရချို့တဲ့မှုဟာလည်း folate နဲ့ B12 ပမာဏ
လျော့နည်းခြင်းကို ဖြစ်ပေါ်စေတဲ့ အရေးကြီးတဲ့အချက်ပါပဲ ။ ဒါကြောင့် အသီးအရွက်ပဲစားသုံးသူတွေ ဗီတာမင်ကို လုံလုံလောက်လောက်မစားသုံးသူတွေ၊ အသားမစားသူတွေဟာ B12 deficiency ဖြစ်ဖို့ အခွင့်အလမ်းများတဲ့ သူတွေဖြစ်ပါတယ် ။

Pernicious Anemia
အစာအိမ်တွင် ပြသနာတခုခုရှိနေခြင်း(သို့မဟုတ်) အူတွေက ဗီတာမင်ဘီတွဲကို စုပ်ယူမှုနည်းခြင်းကြောင့် ဖြစ်ပေါ်စေနိုင်ပါတယ် ။ ဒီလိုမျိုး B12 deficiency ကြောင့်ဖြစ်ပေါ်တဲ့ အနီးမီးယားကို pernicious anemia လို့ခေါ်ပါတယ် ။

Sickle cell anemia
အချို့လူတွေမှာပုံမှန်မဟုတ်တဲ့ hemoglobin molecules တွေထုတ်လုပ်တဲ့ပြသနာရှိတတ်ပါတယ် ။ ဒီလိုအခြေအနေမျိုးမှာဆိုရင်hemoglobin ဟာ ပမာဏရော လုပ်ငန်းဆောင်ရွက်မှုမှာပါ ပြဿနာရှိလာပါတယ် ။ ပုံမှန်မဟုတ်တဲ့ hemoglobin molecules တွေကသွေးနီဥပုံစံတွေကို မှုမမှန်ဖြစ်စေပြီး Crescent shaped ( sickle cells ) တံစဉ်ပုံစံလိုမျိုး ဖြစ်ပေါ်စေပါတယ် ။ သူ့ရဲ့ ပြင်းထန်မှုအဆင့်ပေါ်မှုတည်ပြီး Sickle cell anemia ကိုအမျိုးအစားများစွာခွဲခြားနိုင်ပါတယ်။ဒါဟာမျိုးရိုးလိုက်ပြီး African , Eastern နဲ့ Mediterranean တွေမှာဖြစ်လေ့ရှိပါတယ် ။

Thalassaemia 
ဟေမိုဂလိုဘင်နဲ့ဆက်နွယ်ပြီး အနီးမီးယားကို ဖြစ်ပေါ်စေတဲ့ အခြားအုပ်စုတစ်ခု ဖြစ်ပါတယ်။Thalassaemiaအုပ်စုများစွာ ရှိပါတယ်။ ရောဂါပြင်းထန်မှု အပေါ်မူတည်ပြီး ကွဲသွားလေ့ရှိပါတယ် ။ မျိုးရိုးလိုက်လေ့ရှိပါတယ် ။

Alcoholism
အရက်သောက်သုံးသူတွေမှာအာဟာရချို့တဲ့မှု ဗီတာမင်နဲ့သတ္တု ဓါတ်တွေ နည်းပါးမှုဟာဆက်နွယ်နေပါတယ် ။ အယ်ကိုဟောဟာ သူ့ဘာသာရိုးတွင်းခြင်ဆီကိုအဆိပ်အတောက်ဖြစ်စေပါတယ်။ သွေးနီဥတွေထုတ်လုပ်မှုကိုလည်း လျော့နည်းစေပါတယ်။

ရိုးတွင်းခြင်ဆီနှင့် ဆက်နွယ်နေသောအနီးမီးယား
အချို့သောသွေးကင်ဆာသို့မဟုတ် Lymphomas တွေဟာသွေးနီဥထုတ်လုပ်မှုနှုန်းကို ပြောင်းလဲစေပြီး သွေးဆဲလ်တွေအားလုံး ထုတ်လုပ်မှုကို နည်းစေပါတယ် ။

Hemolytic anemia
ပုံမှန်သွေးနီဥရဲ့ ပုံစံဟာ သူ့လုပ်ငန်းဆောင်ရွက်မှုအတွက် အလွန်အရေးကြီးပါတယ် ။ ဒီမှာဆိုရင်တော့ သွေးနီဥဟာပေါက်ကွဲပြီး ဒါကို hemolysis လို့ခေါ်ပါတယ် ။ ြ့ပီးတော့ သူဟာလုပ်ငန်းဆောင်ရွက်နိုင်ခြင်း မရှိတော့ပါဘူး ။ အခြားရှားပါးတဲ့အချက်တွေကတော့ ကင်ဆာတွေ၊ အသဲရောဂါတွေ၊ မျိုးရိုးဗီဇနဲ့ဆိုင်တာတွေ၊ ခဲအဆိပ်သင့်ခြင်း၊ AIDS နဲ့ သွေးယိုတဲ့ရောဂါတွေပဲ ဖြစ်ပါတယ် ။

သွေးအားနည်းရင်ဘာလက္ခဏာတွေ ဖြစ်တတ်သလည်း
လက္ခဏာတွေကတော့- 

-ဦးခေါင်းပိုင်းမှာ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းမှုးခြင်း၊ သတိလစ်ခြင်း

-မျက်လုံးမှာ ဝါလာခြင်း

-အရေပြားမှာ ဖျော့တော့လာခြင်း၊ အေးလာခြင်း၊ ဝါလာခြင်း

-သွေးကြောမှာသွေးပေါင်ချိန်ကျလာခြင်း

-အသက်ရှုလမ်းကြောင်းမှာ အသက်ရှုမြန်ခြင်း၊ တနည်းနှေးခြင်း

-နှလုံးမှာရင်တုန်ခြင်း၊ နှလုံးခုန်နှုန်းမြန်ခြင်း၊ ရင်ဘတ်အောင့်ခြင်း 

-(angina)နှလုံးတိုက်ခိုက်ခံရခြင်း

-ကြွက်သားမှာအားနည်းလာခြင်း

-အူလမ်းကြောင်းမှာ မစင်အရောင်ပြောင်းလာခြင်း

-သရက်ရွက် (spleen)မှာ ကြီးမားလာခြင်း

အနီပြထားသောအရာများမှာ အလွန်ပြင်းထန်သော သွေးအားနည်းရောဂါမှာ
တွေ့ရလေ့ ရှိပါတယ် ။

သွေးအားနည်းရောဂါ ဘယ်လိုကုသမလည်း
ဆေးကုသမှုလိုပါတယ် ။ ဥပမာအနီးမီးယားကအစာအိမ်အနာကြောင့် ဖြစ်တယ်ဆိုရင် aspirin , ibuprofen ကဲ့သို့ အကိုက်အခဲပျောက်ဆေးတွေကိုရှောင်သင့်ပါတယ်။ ဒါမှမဟုတ်လည်း ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လုပ်ဆောင်ရပါမယ် ။

ဆေးရုံမှာဆိုရင် - သိပ်မပြင်းထန်ဘူးဆိုရင် သွေးအားကောင်းစေတဲ့ဆေး Folic acid , B12 , Vit C , Iron ပါတဲ့ဆေးတွေပေးလေ့ရှိပါတယ် ။ ဒါမမဟုတ် Tot'hemaလိုဆေးလည်းပေးပါတယ် ။ ပြင်းထန်တယ်ဆိုရင်တော့ သွေးသွင်းကုသပါတယ် ။

ဘယ်လိုကာကွယ်မလည်း 
အများစုကတော့ ပုံမှန်အာဟာရပြည့်တဲ့အစားအစာနဲ့ အရက်ကိုထိန်းချုပ်ခြင်းဖြင့် ကာကွယ်ပါတယ် ။ အကောင်းဆုံးကတော့ ဆရာဝန်နဲ့ပြသပြီး ဇစ်မြစ်ကိုရှာဖွေသင့်ပါတယ် ။ သွေးအားကောင်းတဲ့အစားအစာတွေ၊ အသား၊ ပဲအမျိုးမျိုး။ အသည်း၊ အမြစ်၊ အရွက်များ၊ ငါးသေးသေးလေးများ စသည်တို့ကို စားပေးပါ။

Ref:
သက်တန့်ချို

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18