Print

အမာရွတ်များအကြောင်းသိကောင်းစရာ

  19-Aug-2018
Preview Image

အမာရွတ်ဖြစ်ပေါ်မှု

အမာရွတ်က ထိခိုက်မှု၊ ဒဏ်ရာတစ်ခုခု၊ ပိုးဝင်လို့၊ အနာဖြစ်လို့ ဖြစ်တတ်ပြီး တော်ရုံ အမာရွတ်တွေက ဖြစ်လာပြီးရင် သူ့အလိုလို ပျောက်သွားတတ်ပါတယ်။ သူ့အလိုလို မပျောက်ကင်းဘဲ ကျန်ခဲ့တဲ့ အမာရွတ်တွေက နည်းပါတယ်။ ဒါပေမဲ့ ဒဏ်ရာကနတ်လို့၊ ပိုးဝင်လို့ဆိုရင်တော့ မပျောက်ကင်းဘဲ အမာရွတ်ထင်ကျန်နေတာမျိုး တွေဖြစ်တတ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အမာရွတ်ဖြစ်ပေါ်မှုက မတူပါဘူး။ လူမျိုးစုတွေအပေါ်မှာ မူတည်သလို၊ အနေအထိုင်၊ အသားအရောင်၊ ရာသီဥတုတွေပေါ်မှာ မူတည်ပြီးလည်း မတူနိုင်ပါဘူး။


စိတ်မပူပါနှင့်

အမာရွတ်ဖြစ်လာရင် စိတ်မပူကြဖို့ ပြောပြချင်ပါတယ်။ အမာရွတ်က သဘာဝအားဖြင့် သူ့အလိုလို ပြန်ပျောက်သွားပါတယ်။ အဲ့ဒါကိုခွေးလေး၊ ကြောင်လေးတွေမှာ အဲဒီသဘာဝကို ပိုမြင်နိုင်ပါတယ်။ ဟနေတဲ့ အနာလေးက တစ်ရက်၊ နှစ်ရက်နေတော့ သူ့အလိုလို ပိတ်သွားတယ်၊ လေး၊ ငါးရက်နေတော့ အနာကျက်သွားတယ်။ ဒါကြောင့် တချို့အနာတွေက သူ့အလိုလို ကောင်းသွားတာရှိလို့ စောင့်ကြည့်တာကောင်းပါတယ်။ တချို့အနာတွေကတော့ ကုသဖို့ လိုတာလည်း ရှိပါတယ်။


ဘာကြောင့်အမာရွတ်ဖြစ်လဲ

ဒီနေရာမှာ ပြောလိုတာက အမာရွတ်အကြီးကြီးတွေကို ဆိုလိုပါတယ်။ ခွဲစိတ်ဒဏ်ရာတွေ၊ပြတ်ချဒဏ်ရာ၊ ထိခိုက်မိတာတွေကြောင့်ဖြစ်တဲ့ အမာရွတ်တွေက ပိုးမဝင်ဘူး၊ သန့်ရှင်းတယ်ဆိုရင် ခန္ဓာကိုယ်က သူ့အလိုလို အနာကျက်ဖို့ ကြိုးစားပါတယ်။ အဲ့ဒီလို ကြိုးစားတဲ့အခါမှာ ကိုလာဂျင်တွေက အဓိကလုပ်ဆောင်ပါတယ်။ ကိုလာဂျင်အမျှင်တွေက အစီအရီမဟုတ်ဘဲ ပရမ်းပတာဖြစ်ခဲ့မယ်ဆိုရင် မလှပတဲ့ အမာရွတ်တွေ ဖြစ်ပေါ်လာတယ်လို့ ရှာဖွေတွေ့ရှိထားတဲ့ အချက်တွေအရ ပြောလို့ရပါတယ်။


ရုပ်ဆိုးတဲ့အမာရွတ်တွေဖြစ်လာခြင်း

အမာရွတ်တွေထဲမှာ Keloid က အတော်လေး အနှောက်အယှက်ပေးတဲ့ အမျိုးအစားလို့ ပြောလို့ရပါတယ်။ ခွဲစိတ်လိုက်တဲ့ ဒဏ်ရာက ကျက်သွားရင် အမာရွတ်က ခပ်သေးသေးပဲ ရှိရမှာကို ပိုကြီးတဲ့ အမာရွတ် ဖြစ်လာတယ်။ တချို့လည်း မီးလောင်ဒဏ်ရာက အနာကျက်သွားပေမယ့် ရုပ်ဆိုးတဲ့ အမာရွတ်တွေ ဖြစ်လာတယ်။ ဆယ်ကျော်သက်အရွယ်မှာ ဝက်ခြံပေါက်ပြီး အဲ့ဒီဝက်ခြံတွေက သူ့အလိုအလျောက် ပြန်ပျောက်သွားနိုင်တယ်။ ဘာကြောင့်လည်းဆိုတော့ ဆယ်ကျော်သက်အရွယ်မှာ ခန္ဓာကိုယ် ပြောင်းလဲမှုကြောင့် ဖြစ်တာတွေက လူကြီးပိုင်း ဝင်သွားပြီးအခါမှာ သူ့အလိုအလျောက် ကောင်းသွားတယ်။ ဒါပေမဲ့ အမာရွတ်ဖြစ်ခဲ့မယ်ဆိုရင်တော့ သူ့ဘဝတစ်လျှောက်လုံး မျက်နှာပေါ်မှာ အမှတ်အသားတစ်ခုအနေနဲ့ ပါလာမှာဖြစ်ပါတယ်။ နားရွတ်မှာ မဟုတ်ဘဲ တချို့လည်းရင်ဘတ်အလည်တည့်တည့်မှာ Keloid အပာရွတ်တွေ ဖြစ်တတ်ပါတယ်။ အတော်များများအတွက် စိတ်ပူစရာကောင်းတဲ့ အနေအထားမှာ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အသီးလုံးဖြစ်လာတာကြောင့် ရုပ်ဆိုးပါတယ်။ တခြားသူတွေလို နာကပ်ပန်ချင်လို့ နားဖောက်တာ သူ့ကျမှ ဘာကြောင့် အသီးလုံးပေါ်လာရတာလဲဆိုရင် အတော်ကို အဆင်မပြေတဲ့ ကိစ္စရပ်ပါ။


ဘာကြောင့် Keloid ဖြစ်ရလဲ

ခန္ဓာကိုယ်မှာ အလိုအလျောက်ပါလာလို့ ဖြစ်ရတာပါ။ ပိုးကြောင့်လည်းမဟုတ်၊ ဘက်တီးရီးယားကြောင့် လည်းမဟုတ်၊ ကူးစက်တာလည်းမဟုတ်ဘဲ ခန္ဓာကိုယ်မှာပါလာတဲ့အကြောင်းကြောင့်ပဲ ဖြစ်ရတာပါ။


Hypertropic အမာရွတ်

အကြောင်းတစ်ခုကြောင့် ခန္ဓာကိုယ်မှာ ခွဲစိတ်မှုတွေ ပြုလုပ်တယ်၊ ထိခိုက်ဒဏ်ရာရတယ်၊ Keloid နဲ့ ဆင်တူတယ်လို့ ထင်ရပေမယ့် Keloid က ခွဲထားတဲ့နေရာနားမှာပဲ ဖြစ်ပါတယ်။Hypertropic အမာရွတ်က ခွဲစိတ်ဒဏ်ရာထက် ဘေးနားကို အနည်းငယ် ပြန့်ပါတယ်။ပိုဖောင်းတယ်၊ အနည်းငယ်ပို ရုပ်ဆိုးပါတယ်။ ဒီအမာရွတ်မျိုး လည်ပင်းမှာ ရှိတယ်ဆိုရင် အရေပြားကို အောက်ဘက် ဆွဲချတာကြောင့် ရုပ်ဆိုးတဲ့အပြင် နေ့စဉ် အလုပ်အကိုင်တွေ
မှာ အနှောက်အယှက်ဖြစ်ပါတယ်။ ဒါမျိုးတွေက လက်တွေ၊ ခြေထောက်တွေမှာလည်း ဖြစ်တတ်ပါတယ်။ အဲ့ဒီလိုဖြစ်ရင် နေ့စဉ်လုပ်ဆောင်တာတွေကို ထိခိုက်စေပါတယ်။ ဒီလိုအခြေအနေဆိုရင် ဆေးကုသမှုအပိုင်း၊ ပိုအရေးကြီးတဲ့အပိုင်းတွေ ဖြစ်လာပါတယ်။ အလှအပတစ်ခုတည်းကြောင့်မဟုတ်ဘဲ ခန္ဓာကိုယ်ရဲ့ နေ့စဉ်လုပ်ငန်းတွေ လုပ်ဆောင်ဖို့နဲ့ ပုံမှန်အနေအထားအရနိုင်ဖို့အတွက် ကုသရာမှာ ဖြစ်ပါတယ်။


အမာရွတ်ကြောင့်စိတ်ဖိစီးခြင်း

အမာရွတ်မရှိတော့ရင် အမာရွတ်ကြောင့် ခံစားရတဲ့ စိတ်ဖိစီးမှုတွေကနေ ကင်းလွတ်မှာဖြစ်ပါတယ်။ အမာရွတ်ရှိနေရင် တစ်ယောက်ယောက်က ကိုယ့်ကိုယ်ကြည့်ရင် အမာရွတ်ကို ကြည့်နေတာလားဆိုပြီး စိတ်ထဲမှာ ထူးထူးခြားခြား ခံစားနေရတာမျိုး ကျွန်မလူနာတွေထဲမှာ ရှိပါတယ်။ ကျွန်မလူနာတွေကို ကုသပေးနိုင်တာထက် ပိုပြောရတာတွေရှိပါတယ်။ အဲ့ဒါက အမာရွတ်ရှိနေတာကြောင့် ဘာမှရုပ်မဆိုးသွားဘူး။ အမာရွတ်ရှိတာကြောင့် ကိုယ့်ရဲ့တိုးတက်ရာတိုးတက်ကြောင်းနဲ့ လူမှုပတ်ဝန်းကျင်မှာ နေထိုင်ရတာတွေ ဘာမှမပြောင်းလဲသွားဘူးဆိုတာကို နားလည်အောင်ရှင်းပြရပါတယ်။ တစ်ခါတလေ
လည်း အမာရွတ်ရှိ တာကြောင့် စိတ်ဖိစီးနေတာတွေကို သက်သာစေဖို့ မဆုံးနိုင်အောင် ရှင်းပြရတာမျိုးတွေလည်းရှိပါတယ်။ ရုပ်ပိုင်းဆိုင်ရာကုသမှုကို ပေးပေမယ့် ခံစားနေရတဲ့ လူနာအတွက်က စိတ်ထဲမှာပါ ခံစားနေရတာကြောင့် ဒါကိုနားလည်အောင် သေသေချာချာရှင်းပြပေးရပါတယ်။ အဓိကက ဒီအမာရွတ်ရှိနေတာကို လက်မခံနိုင်တာပါ။ ဒီအမာရွတ်ကို ဖယ်ပစ်ချင်တယ်၊ ရှင်းထုတ်ပစ်ချင်တယ်၊ အဲ့ဒီလို လူနာမျိုးကို အမာရွတ်ရှိနေတာကို လက်ခံနိုင်ဖို့ ရှင်းပြပေးရပါတယ်။ အမာရွတ်ကတော့ ရှိနေပြီ၊ ဒီအမာရွတ်က စိုးရိမ်စရာမရှိဘူး၊ ဒါက်ုပဲ ရှင်းပြပေးရပါတယ်။ တချို့လူနာတွေကကျွန်မတို့သိထားတဲ့ ဆေးပညာတွေနဲ့ ရှင်းပြလို့နားမလည်တဲ့ လူနာတွေရှိပါတယ်။ အဲ့ဒီလို လူနာတွေကို သူတို့တွေနားလည်နိုင်မယ့် စကားလုံးတွေကို သုံးနှုန်းပြီး ရှင်းပြပေးဖို့ လိုပါတယ်။ သူတို့ စိတ်အေးနိုင်မယ့် စကားလုံးတွေကို ရွေးပြီးရှင်းပြပေးပါ။ ကုထုံးတွေကတော့ ပိုက်ဆံတတ်နိုင်ရင် တတ်နိုင်သလောက် အများကြီးရှိပါတယ်။


နဂိုမူရင်းအသားလို ပြန်မဖြစ်နိုင်

ဖြစ်လာပြီးတဲ့ အမာရွတ်က အမေမွေးသလို၊ ဘာမှမဖြစ်တဲ့ အရေပြားလို ပြန်ကောင်းဖို့တော့ ခက်ခဲပါတယ်။ ဒါကိုနားလည်ထားဖို့တော့ လိုပါတယ်။ စိတ်ထဲမှာ အမာရွတ်ကို ကုသလိုက်ရင် အကောင်းပကတိ အရေပြားလို ပြန်ဖြစ်လာမယ်ဆိုပြီး တွေးထင်ထားလို့ မရပါဘူး။ ရှိနေတဲ့ အမာရွတ်ထက်တော့ သေးသွား၊ ကောင်းသွားမှာပါ။ အခုလက်ရှိ ရှိနေတဲ့ အမာရွတ်ကလည်း လက်ခံနိုင်တဲ့ အနေအထားမျိုးမှာ ရှိတယ်ဆိုတာကိုလည်း လူနာတွေနားလည်အောင် အထပ်ထပ်အခါခါ ရှင်းပြပေးဖို့ လိုအပ်ပါတယ်။


ခေတ်ပေါ်ကုထုံးများ

လူ့ပတ်ဝန်းကျင် အသိုင်းအဝိုင်းက အမာရွတ်တွေ ရှိနေတာကို လက်မခံချင်တာကြောင့်ဆေးပညာရှင်တွေက အမာရွတ်တွေကို ဘယ်လိုဖျောက်လို့ရမလဲဆိုပြီး တီထွင်ကြံဆခဲ့ပါတယ်။ အသားသီးတွေဖြစ်တဲ့ Keloid အမာရွတ်ကို ဖျောက်ဖို့ Pulsed Dye Laser ကို အသုံးပြုပါတယ်။ ဈေးအရမ်းကြီးပါတယ်။ စက်ရဲ့ တချို့အစိတ်အပိုင်းတွေက တစ်ခါသုံးတာကြောင့် တစ်ခါသုံးပြီး ပစ်ရလို့ ဈေးအရမ်းကြီးတာပါ။ မြန်မာနိုင်ငံမှာတော့ ဒီနည်းကို သုံးပြီးကုသဖို့ လက်လှမ်းမီသေးပါဘူး။


Ref:
ပါမောက္ခဒေါက်တာခိုင်ခိုင်ဇော်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18