Print

အအိပ်နည်းခြင်းက သင့်ရဲ့ကျောက်ကပ်တွေကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်

  24-Feb-2017
Preview Image

 

သင်ဟာ တစ်နေ ့ကို ငါးနာရီ ဒါမှမဟုတ် ဒီထက်နည်းနည်းသာ အိပ်ဖြစ်တယ် ဆိုရင်တော့ သင့်မှာ ကျောက်ကပ်ဆိုင်ရာပျက်စီးမှုဖြစ်နိုင်ခြေ ၆၅ ရာခိုင်နှုန်း မြင့်တက် နေပြီဖြစ်တယ်လို ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေက သတိပေးပြောကြား လိုက်ပါတယ်။ ယခု ကြီးမားတဲ့တွေ့ရှိမှုကို အမေရိကန်သုတေသနပညာရှင်တွေက တွေ့ရှိခဲ့တာဖြစ််ပြီး သင့်ရဲ့ ကျောက်ကပ်ဟာလည်း အိပ်စက်ချိန်လုံလုံလောက်လောက်ရဖို ့အရေးကြီးကြောင်း သတိပေးလိုက်ပါတယ်။ ဘာမင်ဂမ် နဲ ့ဘောစတွန် အမျိုးသမီး ဆေးရုံက ပါရဂူတွေဟာ ဆယ်စုနှစ်တစ်စုတိုင် လူပေါင်း ၄၀၀၀ ကို သုတေသနလေ့လာ ခဲ့တာဖြစ်ပါတယ်။တွေ ့ရှိချက်အရ ညဘက်ကို ငါးနာရီလောက်သာ အိပ်စက်တတ်သူတွေ ဟာ တစ်ညကို ၇ နာရီ ၈ နာရီ အိပ်စက်တတ်သူတွေနဲ ့ယှဉ်ရင် ကျောက်ကပ်လုပ်ဆောင် မှုအပိုင်းမှာ သိသာမြန်ဆန်တဲ့ကျဆင်းမှုမျိုး ကြုံတွေ ့ရနိုင်ခြေ ၆၅ ရာခိုင်နှုန်း အထိ ရှိပါတယ်။

 

ယခုမော်ဒန်ခေတ်မှာ ကျွန်တော်တို ့တွေဟာ စိတ်ဖိစီးမှု၊ အလုပ်ချိန်ကြာမြင့် မှုနဲ ့ကွန်ပြူတာ၊စမတ်ဖုန်း တွေ ကြောင့် အိပ်ချိန်ဆင်းရဲနေကြရပြီး အိပ်ချိန်လုံလောက် မှုမရှိခြင်းဟာ အဝလွန်ခြင်း၊ နှလုံးရောဂါနဲ ့ဆီးချို၊သွေးတိုး တို ့ကိုပါ ဖြစ်စေနိုင် ကြောင်း တွေ့ရှိခဲ့ပြီးဖြစ်ပါတယ်။ လူတစ်ယောက်နဲ ့တစ်ယောက် မတူညီကြပေမယ့် ကျွန်တော်တို ့အများစုဟာ ခန္ဓာကိုယ် ပုံမှန်ကောင်းကောင်း လည်ပတ်နိုင်ဖို ့အတွက် ၈ နာရီလောက် နှစ်ခြိုက်စွာ အိပ်စက်ပေးဖို ့လိုပါတယ်။ တစ်ချို ့ကတော့ ဒီထက် ပိုနိုင်သလို ဒီထက်လည်းနည်းနိုင်ပါတယ်။ကျောက်ကပ်ရဲ့အဓိကတာဝန်ဟာ သွေးတွင်းပါဝင်လာတဲ့ အပိုဓာတ်ပစ္စည်းတွေကို စစ်ထုတ်ယူကာ ဆီးအဖြစ် ပြောင်းလဲပေးတာဖြစ်ပါတယ်။ ဒီ့ အပြင် ကျောက်ကပ်ဟာ သွေးပေါင်ချိန်ကို ထိန်းညှိပေးသလို၊ နှလုံးနဲ ့ကြွက်သားတွေ ပုံမှန်လုပ်ဆောင်နိုင်ဖို ့အတွက်လည်း ကူညီပေးရပါတယ်။ အရိုးတွေကို သန်စွမ်းအောင် ကူညီပေးရသလို သွေးနီဥဆဲလ်တွေထုတ်လုပ်ပေးဖို ့အတွက်လည်း လှုံ့ဆော်ပေးရ တာဖြစ်ပါတယ်။ အိပ်ချိန်နည်းပါးခြင်းဟာ ကျောက်ကပ်ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်း စေပြီးအထက်ပါ တာဝန်တွေကို ကျောက်ကပ်က ရေရှည်တာဝန်ယူနိုင်ဖို ့အတွက် အခက်
အခဲဖြစ်စေနိုင်ပါတယ်။ သို ့ပေမယ့် အိပ်ချိန် နည်းပါးမှုနဲ ့ကျောက်ကပ် ထိခိုက်မှုတို ့ဟာ ဘယ်လိုဆက်စပ်နေလဲဆိုတာကိုတော့ အခုအချိန်ထိ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို ့ဆိုပါတယ်။

 

Healthcare.com.mm

Ref:
K.K (ကနောင််)
Source:
Trend Myanmar



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18