Print

ကြက်သွန်မြိတ်၏ ဆေးဖက်ဝင် အာနိသင်များ

  30-Oct-2016
Preview Image

ကြက်သွန်မြိတ်ဟာ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ လိုပဲ Alliaceae အနွှယ်ဝင် ဖြစ်ပါတယ်။ ကြက်သွန်မြိတ်ရဲ့ အာဟာရ တန်ဖိုးဟာ ကြက်သွန်နီနဲ့ ကြက်သွန် ဖြူတို့နဲ့ ဆင်တူပါတယ်။ ဟင်းလျာတွေထဲ ထည့်စားလေ့ရှိတဲ့ ကြက်သွန် မြိတ်မှာ အောက်ပါ ဆေးဖက်ဝင် အကျိုးကျေးဇူးတွေ ပါဝင်ပါတယ်။

(၁) သွေးကြောနံရံတွေကို အကာအကွယ်ပေးပါတယ်

ကြက်သွန်မြိတ်ထဲမှာ Kaempferol လို့ခေါ်တဲ့ ဖလေဗိုးနွိုက် တစ်မျိုး သိသိသာသာ ပါဝင်ပါတယ်။ ဒီဖလေဗိုးနွိုက်ဟာ မကောင်းတဲ့ ဖရီးရယ် ဒီကယ်တွေကို တွန်းလှန်

တဲ့နည်းနဲ့ သွေးကြောတွေကို အကာအကွယ် ပေးပါတယ်။ သွေးကြောတွေကို ကျယ်စေပြီး အနားရစေတဲ့ နိုက်ထရစ် အောက်ဆိုက် ထုတ်လုပ်မှုကို တိုးစေတဲ့ အစွမ်းလည်း ရှိတာကြောင့် သွေးကြောတွေ ကျန်းမာစေပြီး သွေးတိုးရောဂါ

ဖြစ်နိုင်ခြေကို လျော့ကျ စေပါတယ်။

(၂) ဖောလိတ်ဓာတ်ကို ရရှိစေပါတယ်

ဖောလိတ်ရဲ့ Bioactive ပုံစံတစ်မျိုးဖြစ်တဲ့ 5-methyltetrahydrofolate ဟာ ကြက်သွန်မြိတ် ထဲမှာ ပါဝင်ပါတယ်။ ဖောလိတ်ဟာ ကိုယ်ဝန် ဆောင်ချိန်အတွင်း အရေးကြီးတဲ့ ဓာတ်တစ်မျိုး ဖြစ်ရုံ သာမက သွေးထဲက ဟိုမိုစစ်စတင်း အဆင့်ကိုလည်း လျော့နည်း စေပါတယ်။ ဟိုမိုစစ်စတင်း အဆင့်များရင် ခန္ဓာကိုယ်တွင်းမှာရောင်ရမ်းမှု ဖြစ်နှုန်းကို တိုးစေရုံ သာမက နှလုံး သွေးကြောကျဉ်းရောဂါလိုနှလုံးသွေးကြော ဆိုင်ရာ ရောဂါ ဖြစ်နိုင်ခြေကို မြင့်တက် စေနိုင်ပါတယ်။ သင်စားတဲ့ အစာထဲ ကြက်သွန်မြိတ် ထည့်စားရင် သွေးတွင်း ဟိုမိုစစ်စတင်း အဆင့်ကိုလျော့ကျစေပြီး နှလုံးနဲ့ သွေးကြောတွေ ကျန်းမာအောင် အကာအကွယ် ပေးပါတယ်။

(၃) အင်တီအောက်ဆီးဒင့် တစ်မျိုးလို လုပ်ဆောင်ပါတယ်

ကြက်သွန်မြိတ်မှာ အစွမ်းထက် အင်တီအောက်ဆီးဒင့် တစ်မျိုးဖြစ်တဲ့ ပိုလီဖီနော ပါဝင်တာကြောင့် နာတာရှည် ရောဂါနဲ့ အိုမင်းမှုကို ဖြစ်စေနိုင်တဲ့ ဖရီးရယ်ဒီကယ်ကို တွန်းလှန် ပေးနိုင် ပါတယ်။ ကြက်သွန်မြိတ်မှာ ပါဝင်တဲ့ Gallic Acid ပမာဏဟာ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူ မှာထက် ပိုများပါတယ်။

(၄) နာတာရှည် ရောင်ရမ်းမှုကြောင့် ရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်

ကြက်သွန်မြိတ်ဟာ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူတွေလောက် နာမည် မကြီးပေမယ့် နာတာရှည် ရောင်ရမ်းတဲ့ အခြေအနေကိုတော့ တွန်းလှန် နိုင်ပါတယ်။ နာတာရှည်ရောင်ရမ်းမှုကြောင့် ဆီးချိုရောဂါ၊ အဝလွန်တာနဲ့ ရိုးဆစ် ရောင်ရမ်းနာတို့ဖြစ်နိုင်ပါတယ်။ ကြက်သွန်မြိတ်မှာ ပိုလီဖီနောနဲ့ Kaempferol တို့ ပါဝင်တာကြောင့်ရောင်ရမ်းမှုကို လျော့ကျ စေပါတယ်။

(၅) ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ရရှိပါတယ်

ကြက်သွန်မြိတ်မှာ ဗီတာမင်စီ၊ B6၊ ဗီတာမင်ကေတို့ အပြင် မဂ္ဂနိစ်နဲ့ သံဓာတ်တို့လည်း ကောင်းစွာ ပါဝင်ပါတယ်။ ဗီတာမင်စီဟာ အနာကျက် စေပြီး ကော်လာဂျင်ဖြစ်ပေါ် စေပါတယ်။ ဗီတာမင် B6 ဟာ စွမ်းအင်သုံးစွဲရေးအတွက် အရေးပါပါတယ်။ ဗီတာမင်ကေက သွေးခဲမှု၊ အရိုးနဲ့ တွယ်ဆက်တစ်သျှူး တည်ဆောက်မှုတို့ အတွက် အရေးပါပါတယ်။ မဂ္ဂနိစ်ဟာ ခန္ဓာကိုယ်ထဲက တုံ့ပြန်မှုတိုင်း အတွက် ကိုအင်ဇိုင်း အနေနဲ့ လုပ်ဆောင်သလို သံဓာတ်ဟာ ဟေမိုဂလိုဘင် ဖြစ်ပေါ်ရေး အတွက် အရေးပါပါတယ်။

(၆) နှလုံးကို ကာကွယ်ပေးပါတယ်

လေ့လာမှု တချို့အရ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့လို Allium အနွှယ်ဝင် ကြက်သွန်မြိတ်ဟာ သွေးဖိအားကို အနည်းငယ် လျော့ကျစေပြီး သွေးခဲဖတ် ဖြစ်ပေါ်မှု ကိုလည်း ကာကွယ် ပေးတာကြောင့် နှလုံးရောဂါထခြင်း (Heart Attack) ဖြစ်နှုန်းကိုလျော့ကျ စေတယ်လို့ သိရပါတယ်။ သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော LDL ကိုလည်း လျော့ကျ စေပါတယ်။

(၇) အဆီကင်းပြီး ကယ်လိုရီနည်းပါးပါတယ်

ကြက်သွန်မြိတ်မှာ ကယ်လိုရီပါဝင်မှု နည်းပြီး အဆီမပါတာကြောင့် ခါးအတိုင်းအတာ လျော့ကျလို သူတွေ အနေနဲ့ ဟင်းလျာအရသာ တိုးအောင် ကြက်သွန်မြိတ် အနည်းငယ် ထည့်သင့် ပါတယ်။ ဒါဆိုရင် ဆား၊ ထောပတ် စတဲ့ အရာတွေ ထပ်ထည့်ဖို့ မလိုဘဲ ဟင်းလျာတွေ ကျန်းမာရေးနဲ့ ညီညွတ်ကာ အရသာ ရှိနေ ပါလိမ့်မယ်။

 

Ref:

မြဝတီ

ကြယ်စင်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18