Print

HIV ဝေဒနာသည်အမျိုးသမီးတွေ ကလေးယူသင့်ပါသလား။ အမေမှ ကလေးဆီသို့ ရောဂါကူးစ...

  24-Feb-2017
Preview Image

HIV ဝေဒနာသည် အမျိုးသမီးတွေဟာ ကလေးမွေးမယ်ဆိုရင် ၁၅% ကနေ ၄၅% ရာခိုင်နှုန်း အထိ ကလေးဆီကို ရောဂါကူးစက်နိုင်ပါတယ်။ အကယ်၍ HAART (highly active anti-retro viral therapy) ဆေးတွေကိုသောက်ပြီး ကာကွယ်မှု ယူထားမယ်ဆိုရင်တော့ အမေမှကလေးဆီကို ရောဂါကူးစက်နှုန်းဟာ ၅% အောက်ပဲ ရှိပါတယ်။ အဲဒီလို ကြိုတင်ကာကွယ်မှုယူတာကို PMCT –Prevention of Mother to Child Transmission လို့ခေါ်ပါတယ်။ အထက်ပါ ကူးစက်နှုန်းကိုကြည့်ပြီး HIV ဝေဒနာသည် အမျိုးသမီးတွေဟာ ကလေးယူသင့်၊ မယူသင့် ကိုယ်တိုင်ဆုံးဖြတ်သင့်ပါတယ်။

 

HIV Positive ကိုယ်ဝန်သည်တွေဟာ ဗိုက်ခွဲမွေးဖို့လိုတယ်လို့ ကြားဖူးပါတယ်။ ဟုတ်ပါသလား။

HIV ပိုးတွေဟာ အမျိုးသမီးအင်္ဂါထဲမှာ များစွားရှိပါတယ်။ HIV Positive ကိုယ်ဝန်သည်ရဲ့ မွေးလမ်းကြောင်းမှာရှိတဲ့ HIV ပိုးကောင်တွေဟာ ပုံမှန်မွေးလမ်းကြောင်းကနေ Viginal Delivery မွေးလာတဲ့ ကလေးဆီကို အလွယ်တကူ ကူးစက်နိုင်ပါတယ်။ အဲဒါကြောင့် ဗိုက်ခွဲမွေးသင့်ပါတယ်။ ဒါပေမဲ့ HAART ဆေးတွေသောက်ပြီး ကာကွယ်မှုကြိုတင်ယူထားတဲ့ သူတွေမှာတော့ ပုံမှန်မွေးလမ်းကြောင်းကပဲမွေးမွေး၊ ဗိုက်ခွဲပြီးမွေးမွေး ကွာခြားမှုများစွာမရှိဘဲ ရလာဒ်ကောင်းမွန်တာကို တွေ့ရပါတယ်။ ဆိုလိုရင်းကတော့ PMCT လုပ်ထားတဲ့ သူတွေမှာတော့ ခွဲမွေးတာဟာ ရိုးရိုးမွေးတာထက် အကျိုးမများလှဘူးဆိုတာပါ။ မိခင်မှကလေးသို့ ရောဂါကူးစက်နှုန်း ၅% အောက်ပဲရှိပါတယ်။

 

HIV Positive ကိုယ်ဝန်သည်တွေဟာ ဗိုက်ခွဲမွေးရင် ကလေးဆီကို ကူးစက်နှုန်းနည်းတာ ဘာဖြစ်လို့ပါလဲ။

HIV ပိုးဟာ သွေး၊ လိင်အင်္ဂါမှ ထွက်သောအရည် စတာတွေကနေ တစ်ဆင့် ကူးစက်နိုင်ပါတယ်။ ဗိုက်ခွဲမွေးတဲ့ အခါမှာတော့ ကလေးငယ်သွေး၊ လိင်အင်္ဂါတွေက ထွက်တဲ့အရည် အစရှိတာတွေနဲ့ အထိအတွေ့ အရမ်းနည်းသွားပါတယ်။ အဲဒါကြောင့် ကူးစက်နှုန်း နည်းသွားခြင်းဖြစ်ပါတယ်။ 

 

HIV ပိုးနဲ့ အထိအတွေ့ရှိထားတဲ့ အစားအသောက်တွေကို စားသုံးခြင်းဖြင့် ရောဂါကူးစက်တတ်ပါသလား။
မကူးစက်နိုင်ပါ။

 

တချို့သူတွေမှာ HIV ကူးစက်တာကို ခံနိုင်ရည်ရှိတယ်လို့ ကြားဖူးပါတယ်။ ဘာကြောင့်ပါလဲ။
မှန်ပါတယ်။ မျိုးရိုးဗီဖဆိုင်ရာ မူမမှန်မှု (gene mutation) တချို့ကြောင့် HIV Virus ကို အလိုလိုကာကွယ်နိုင်စွမ်း ရှိလာပါတယ်။

 

Healthcare.com.mm

Ref:
ဒေါက်တာငြိမ်းချမ်းအောင်
ကျန်းမာရေးအတွက် သိသင့်သောအဖြေများ စာအုပ်မှကောက်နှုတ်ထားပါသည်။


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18