နားကိုက်ခြင်းကို ဖြစ်စေတဲ့ အကြောင်းအမျိုးမျိုးရှိပါတယ်။ နားကိုက်စေတဲ့ အဓိက အကြောင်းအရင်းကတော့ နားအလယ်ပိုင်းကို ရောဂါပိုးဝင်ရောက်ခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ အသက်ခြောက်နှစ်အောက်ကလေးများရဲ့ နှာခေါင်း၊ လည်ချောင်းနဲ့ နားအလယ်ပိုင်းတိို့ကို ဆက်သွယ်ပေးတဲ့ ပြွန် (Eustachian tube) ဟာ တိုနေသေးတာမို့ နားအလယ်ပိုင်းကို ရောဂါပိုးအလွယ်တကူ ရောက်ရှိသွားစေကာ နားကိုက်ခြင်းကို ခံစားရစေပါတယ်။ သွားကိုက်ခြင်း...

လူခြောက်ကလေးမွေးလျှင် လာဘ်ကောင်းသည်၊ ကံကောင်းသည်ဟု ယုံကြည်မှုများရှိသည်။ ထို့ကြောင့် လူခြောက်ကလေးမှာ အသက်ရှိသည်ဟုလည်း လက်ခံထားကြသည်။ လူခြောက်လေးအား အသက်အရွယ်အလိုက် အစားအစာကျွေးမွေးခြင်း၊ ဝတ်စားဆင်ယင်ခြင်းတို့ ပြုလုပ်ပေးလေ့ရှိသည်။ မွေးဖွားပြီးသည့်အချိန်မှစ၍ အသက်ကို တွက်စစ်ကာ အသက်အလိုက် လိုက်လံဆောင်ရွက်ပေးတတ် ကြသည်။  လူခြောက်မှာ နေလှန်းထားသောအသား (သို့မဟုတ်) အီဂျစ်မံမီများကဲ့သ...

 ကလေးအနား mobile ဖုန်းသုံးရင် ဖုန်းကထွက်တဲ့ ဓာတ်ရောင်ခြည်ကြောင့် ဦးနှောက်မှာ အကျိတ်ဖြစ်တယ်လို့ လတ်တလော ရေးသူပြောသူတွေ များလာပါတယ်။ မိဘတွေက စိတ်ပူကြပါတယ်။ ဒါပေမယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက နှစ် ၂၀ ကြာအောင် သုတေသနများစွာလုပ်ပြီးတဲ့အခါ ဖုန်းရဲ့ဓာတ်ရောင်ခြည်ကြောင့် ကျန်းမာရေးထိခိုက်ကြောင်း မတွေ့ရှိရဘူးလို့ ဆိုပါတယ်။ လက်ရှိသုတေသနများအရ ဖုန်းနှင့်အင်တာနက်သုံးခြင်းကြောင့် ကိုယ်ဝန်ထိခိုက်ခြင်းန...

ကလေးအဖို့ ဆန္ဒဖော်ထုတ်ကာ အုပ်ထိန်းပြုစု ယုယသူတို့နှင့်ဆက်သွယ် အသိပေးရန်အတွက် ငိုရသည်။ကလေးအများစု တစ်နေ့တာ ခဏခဏငိုသော ကာလများ ပေါင်းစုလိုက်ပါက သုံးနာရီခန့်ရှိသည်။ ယင်းသို့ငိုရခြင်းမှာ ဆာလောင်ခြင်၊ အနှီးသေးစိုခြင်း၊ လေဒဏ်ခံရခြင်း၊ တစ်ယောက်တည်း ပစ်ထားခံရခြင်း၊ ပူလောင်အိုက်စပ်ခြင်း၊ အေးခြင်း (သို့) ခြေကုန်လက်ပန်းကျခြင်းတို့ကြောင့် ဖြစ်ပါသည်။ကလေး ငိုပုံငိုနည်းကို သတိပြုမိနေသော မိဘက ချက်ခြ...

ဝမ်းပျက်ဝမ်းလျှောရောဂါ ဆိုသည်မှာ ဝမ်းအရည်များ မကြာခဏသွားခြင်းကိုခေါ်ဆိုပါတယ်။ အူမှာရောဂါတစ်စုံတစ်ရာဖြစ်ပွားခြင်းရဲ့ လက္ခဏာဖြစ်ပါတယ်။ ကလေးငယ်များ အစားအစာများ စတင်ကျွေးမွေးတဲ့ အရွယ်မှစပြီး ဝမ်းမာမာ နှင့် မှန်မှန်သွားတတ်လာပြီဖြစ်ပါတယ်။ ဒါပေမယ့် သစ်သီးနဲ့၊ ဟင်းသီးဟင်းရွက်တွေများများ ကျွေးမိရင် ဝမ်းပျော့ပျော့ မကြာခဏ သွားတတ်ပါတယ်။ တစ်ခါတစ်ရံ မသန့်ရှင်းတဲ့ အစားအစာကြောင့် လည်းကောင်း၊ မတည့်တ...

အရွယ်အစားကတော့ ပင်အပ်ခေါင်းလောက်ကနေ မီးခြစ်ဆံခေါင်းလောက် အရွယ်အစားအတွင်းရှိမည်။ အတွဲလိုက် အပြွတ်ပြွတ်လည်းနေတတ်သည်။ သီးခြားဟိုတစ်စက်၊ ဒီတဟ်စက်လည်း ရှိတတ်သည်။ နီလည်းမနီ၊ နာလည်းမနာ၊ ပွားတော့ပွားလာတတ်သည်။ ကပ်ကြည့်လျှင်တော့ အလယ်ကောင်မှာ ချိုင့်ချိုင့်လေးတွေ့ရမည်။ Pox virus ခေါ် ဗိုင်းရပ်စ်တစ်မျိုးကြောင့် ဖြစ်ခြင်းဖြစ်သည်။ ဒီဗိုင်းရပ်စ်၏ သဘောက သူ့ကိုသေအောင် သတ်လို့မရ။ သူကတော့ သူ့သက်တမ်းစေ့...

ဓာတ်မတည့်သောလက္ခဏာများ(၁) အရေပြားအင်ပြင်ထခြင်း(နီရဲခြင်း (သို့) နှင်းခူကဲ့သို့ဖြစ်ခြင်း)(၂) အသက်ရှူရခက်ခဲခြင်း၊ အသက်ရှူရပ်တတ်ခြင်း(၃) နှာစေးခြင်း၊ ချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်း၊ မျက်လုံးယားယံခြင်း(၄) ဗိုက်အောင့်ဗိုက်နာ ခဏခဏဖြစ်လွယ်ခြင်း၊ ဓာတ်မတည့်ခြင်းကိုဖြစ်စေသောအရာ...

နှာခေါင်းအတွင်းနံရံရှိသွေးကြောငယ်ပေါက်သွားတဲ့အတွက်နှာခေါင်းမှသွေးယိုခြင်းဖြစ်ပွားတတ်ပါတယ်။အအေးမိနှာစေးချောင်းဆိုးဖြစ်လို့နှာရည်ယိုခြင်းအတွက်နှာခေါင်းကိုဖိညှစ်ခြင်းကြောင့်လည်းကောင်း၊နှာခေါင်းပိတ်လို့နှာခေါင်းလမ်းကြောင်းပွင့်အောင်အတင်းအကြပ်အပြင်းအထန်နှာမှုတ်ခြင်းကြောင့်လည်းကောင် သွေးကြောဒဏ်ရာပေါက်သွားပြီးသွေးထွက်ခြင်းများဖြစ်လာတတ်ပါတယ်။နှာခေါင်းအတွင်းသို့တစ်စုံတစ်ခုဝင်ရောက်ပိတ်ဆို့ခြင်းကြေ...

(၁) ကလေးကို ကျန်းကျန်းမာမာနေထိုင်စားသောက်တတ်အောင် လေ့ကျင့်ပေးပါ။(၂) ကလေးကို အလုပ်တစ်ခုခုဆောင်ရွက်ပြီးတိုင်း ချီးကျူးပါ။(၃) ကလေးအတွက် မိသားစုက အချိန်ပြည့်ပြည့်ဝဝပေးပါ။(၄) ကလေးကို အတည်တကျစနစ်တကျတွေးခေါ်တတ်အောင် လေ့ကျင့်ပေးပါ။ (၅) တီဗွီ၊ ဗီဒီယိုဂိမ်း၊ ကွန်ပျူတာ အသုံးပြုခြင်းကို အချိန်ကန့်သတ်ပေးပါ။(၆) ကလေးနှစ်ခြိက်သောဝါသနာကို မြေတောင်မြှောက်ပေးပါ။

အကျဉ်းရှင်းလင်းချက်မွေးကင်းစကလေး အရွယ်အစားကြီးခြင်းဆိုသည်မှာ မွေးပြီးပြီးချင်း ကလေး၏ ကိုယ်အလေးချိန်သည် ၈ပေါင် ၁၃ အောင်စ (၄၀၀၀ ဂရမ်) ထက်များခြင်းကို ခေါ်ဆိုခြင်းဖြစ်သည်။ ကလေး၏ကိုယ်အလေးချိန် ၉ပေါင် ၁၅အောင်စထက်များပါက မွေးဖွားစဉ်ပြဿနာများရှိ၍ ကလေးနှင့်မိခင် အသက်အန္တရာယ်ထိခိုက်မှုရှိနိုင်သည်။လက္ခဏာများကိုယ်ဝန်ဆောင်စဉ် မွေးကင်းစကလေး အရွယ်အစားက...


Advertising






2017 Trust Oo M-health Enterprise.All Right Reserved.
Developed by Host Myanmar