အမျိုးသမီးတိုင်း လစဉ်ရာသီသွေးပေါ်လေ့ရှိပါတယ်။ ရာသီသွေးပေါ်ခြင်းဟာ သားအိမ်နံရံအတွင်းမှာရှိတဲ့ အလွှာပါးကွာကျလာခြင်းကြောင့် ဖြစ်ပါတယ်။ တကယ်တော့ ဟော်မုန်းတန်ခိုးပါပဲ။ ရာသီသွေးဆင်းဖို့ သားအိမ်ကညှစ်ပေးရတယ်။ အဲဒီလိုဖြစ်ဖို့ မဟော်မုန်းတွေက လုပ်ဆောင်ပေးရတယ်။ အပျိုဖော်ဝင်ပြီး အမျိုးသမီးတွေရဲ့ ရာသီနဲ့ပတ်သက်တဲ့ ရောဂါတွေခံစားရလေ့ရှိတယ်။ ရာသီမလာခင် ခံစားရတဲ့ လက္ခဏာတွေကို Premenstrual Syndromes(PMS) လို့ခေါ်ပ...

ကိုယ်ဝန်ဆောင်ဘဝ သွေးတိုးရောဂါဟာ မြန်မာနိုင်ငံမှာ သားဦးမိခင် ၁၀၀ မှာ ၁၀ ယောက်ဖြစ်တတ်သလို သားနှောင်းမိခင် ၁၀၀ မှာ နှစ်ယောက်မှငါးယောက်အထိဖြစ်တတ်တယ်။ ကို်ယ်ဝန်ဆောင်သွေးတိုးရောဂါနဲ့ အခြားပုံမှန်လူသားတစ်ဦးမှာ ဖြစ်တဲ့သွေးတိုးရောဂါတို့ဟာ ကုသပုံမတူညီပါ။ ပုံမှန်လူသားတစ်ဦးမှာ အပေါ်သွေး ၁၄၀၊ အောက်သွေး ၉၀ မီလီမီတာပြဒါးနဲ့အထက် မည်သည့်အခြေအနေကို်မဆို သွေးတိုးခြင်းလို့ခေါ်တယ်။...

သားအိမ်ခေါင်းကင်ဆာကို ကုသလို့ မရနိုင်ပါ။သားအိမ်ခေါင်းကင်ဆာရောဂါရှိမှန်း စောစောစီးစီးသိရင် ထိရောက်စွာ ကုသနိုင်ပါတယ်။HPV ရောဂါပိုး ကူးစက်ခံရတာက အဖြစ်မများပါ။HPV ပိုး ကူးစက်ခံရတာက အဖြစ်များပြီး အရေပြားချင်း ဒါမှမဟုတ် ခန္ဓာကိုယ်အရည်ချင်း ထိတွေ့ရာမှတစ်ဆင့် ကူးစက်တတ်ပါတယ်။အသက်ကြီးတဲ့ အမျိုးသမီးတွေ Papsmear ပြုလုပ်စရာမလိုပါ။...

ကိုယ်ဝန်စောင့်ရှောက်ခြင်း (Pre.natal care) ကိုယ်ဝန်စောင့်ရှောက်ခြင်းဆိုတာက ဆရာဝန်၊ သူနာပြု (သို့) သားဖွားဆရာမက သင့်ကို လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေကို ကိုယ်ဝန်ဆောင်စဉ်တစ်လျှောက် ပြုလုပ်ပေးခြင်း ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်းက သင်ရော သင့်ရင်သွေးရဲ့ ကျန်းမာရေးကိုပါ ကူညီပေးပါတယ်။ ကိုယ်ဝန်စောင့်ရှောက်ခြင်းက ဘာကြောင့်အရေးကြီးလဲ&nbs...

စပျစ်သီးသန္ဓေသည် သားအိမ်အတွင်းမှ ကင်ဆာမဟုတ်သော အကျိတ်ဖြစ်ပါတယ်။ မမျိုးဥသည် မျိုးအောင်ပြီးသော အခါ ပုံမှန်သန္ဓေတည်ရမည့်အစား အချင်းမှစပျစ်သီးကဲ့သို့ အိ်တ်ကလေးများ ဖွံ့ဖြိုးလာပါသည်။ ကိုယ်ဝန်ဆောင်သည် ၁၀၀၀ တွင် ၁ ယောက်သည် စပျစ်သီသန္ဓေတည်ခြင်း ဖြစ်တတ်ပါသည်။ရောဂါလက္ခဏာများ• ကိုယ်ဝန်ဆောင် အစောပိုင်းကာလတွင် ညိုပုပ်ရောင် သွေးများဆင်းခြင်း၊• ပြင်းထန်သော ပျိ...

HIV / AIDS ဖြစ်ရင် ဘယ်လိုကြောင့် ကိုယ်ခံအားတွေ ကျဆင်းသွားရပါလဲ။ လူတွေရဲ့ ပတ်ဝန်းကျင်မှာ လူတွေကို ခုက္ခပေးနိုင်တဲ့ ရောဂါအမျိုးမျိုးရှိနေပါတယ်။ နေ့စဉ်သွားလာလှုပ်ရှားရင်း၊ စားရင်းသောက်ရင်းကနေ အဲဒီရောဂါပိုးတွေ ခန္ဓာကိုယ်ထဲ ရောက်လာတတ်ပါတယ်။ ဒါပေမဲ့ ကိုယ်ခံအားကောင်းနေရင် လူတွေမှာ ဘာရောဂါမှဖြစ်မလာပါဘူး။ ဖျားတာ၊ နာတာ၊ အအေးမိချောင်းဆိုးတာတွေဟာ ခဏသာဖြစ်တတ်ပြီး ရက်ပိုင်းအတွင်...

ကိုယ်ချစ်ရတဲ့ ဇနီးဖြစ်သူက ကိုယ့်ရဲ့ရင်သွေးလေးကို မွေးပေးမယ်ဆိုရင် ဘယ်လောက်ပျော်စရာ ကောင်းမလဲ။ ကိုယ်ဝန်ဆောင်တယ်ဆိုတာဟာ မိန်းကလေးတွေသာသိပြီး ယောကျ်ားဖြစ်သူက မသိတဲ့အချက်တွေ အများကြီးရှိပါတယ်။ကိုယ်ဝန်ဆောင်စဉ်မှာလည်း မိခင်လောင်း မိန်းကလေးအနေနဲ့လည်း စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ အများကြီးရှိတယ်ဆိုတာ သိထားဖို့လိုပါလိမ့်မယ်။ မသိထားရင် တစ်ယောက်နဲ့တစ်ယောက် နားလည်မူတွေလွဲ...

အကျဉ်းရှင်းလင်းချက်                  ဆီးချိုရောဂါဆိုသည်မှာ အချိုဓာတ်(သကြားဓာတ်) ပမာဏ သွေးထဲနှင့် ဆီးထဲတွင် ပုံမှန်ထက်ပို၍များလာသော ရောဂါကိုဆိုလိုပါသည်။ ကိုယ်ဝန်ဆောင်ဆီးချိုရောဂါဆိုသည်မှာ ကိုယ်ဝန်ဆောင်ချိန်မှ ဆီးချိုရောဂါဖြစ်လာခြင်းဖြစ်သည်။ပုံမှန်အားဖြင့် သွေးတွင်းသကြားဓာတ်ကို (insulin)အင်ဆူလင် ဆိုသည့်ဟော်မုန်းမှ ထိန်းညှိ...

ကိုယ်ဝန်ဆောင်အများစုဟာ အာဟာရ ပြည့်ဝ အောင် စားပေးရမယ်ဆိုတဲ့ ခံယူချင်ရှိတာကြောင့် လိုအပ်တာထက်ပိုစားလေ့ရှိပြီး ဝ လာလေ့ရှိကြသည်။ ကိုယ်ဝန်ဆောင် တစ်ဦးဟာ ရှိသင့်သည့် ကိုယ်အလေးချိန်ထက် ပိုမို မြင့်မားလာပါက မလိုလားအပ်သော ကျန်းမာရေး ပြဿနာများ တွဲဖတ်လာတတ်တယ်လို့ ဗြိတိသျှဆေးပညာ ဂျာနယ်မှာဖော်ပြထားပါသည်။ ထို့ကြောင့် ကျန်းမာရေး နှင့် ညီညွတ်သော စားသောက်နေထိုင်မှု အလေ့အကျင့်များနှင့် ကိုယ်လက် လှုပ်ရှ...

ကိုယ်ဝန်ဆောင်စဉ်တွင် သန္ဓေသား၏ ဖွံ့ဖြိုးမှုအတွက် မိခင်၏ သွေးဆဲလ်များကို ပိုမို၍ထုတ်ရသည်။ ဤတွင် သွေးဆဲလ်များထုတ်ရန် လိုအပ်သော အာဟာရဓာတ်များ မလုံလောက်ပါက သွေးအားနည်းရောဂါ ဖြစ်ပေါ်လာနိုင်သည်။ ကိုယ်ဝန်ဆောင်စဉ်တွင် သွေးအားအတန်ငယ် နည်းသွားတတ်သည်မှာ ပုံမှန်ဖြစ်သော်လည်း ဗီတာမင်နှင့်သတ္တုဓာတ်များ ချို့တဲ့၍ ပြင်းထန်သော သွေးအားနည်းရောဂါများလည်း ဖြစ်လာနိုင်သည်။ သွေးအားနည်းရောဂါအမျိုးအစားမ...


Advertising






2017 Trust Oo M-health Enterprise.All Right Reserved.
Developed by Host Myanmar