လိင်ဆက်ဆံခြင်းနှင့်ပတ်သက်၍ မိန်းကလေးများသိသင့်သောအရာများ


on: 16 May, 2018


           ပထမဆုံးအကြိမ် လိင်ဆက်ဆံစဉ်မှာပင် ကိုယ်ဝန်ရှိသွားနိုင်သည်။ သားဆက်ခြားနည်းမသုံးဘဲ လိင်ဆက်ဆံခြင်းဖြင့် အချိန်မရွေးကိုယ်ဝန်ရှိသွားနိုင်သည်။ 


- အမျိုးသားက သူသုတ်ရည် မထုတ်လွတ်ခဲ့ဟု ထင်သော်လည်း ကိုယ်ဝန်ရှိသွားနိုင်သည်။

- လိင်ဆက်ဆံရာတွင်အကာအကွယ် (ကွန်ဒုံး) မသုံးလျှင်ကာလသားရောဂါ (သို့) ရောဂါကူးစက်ခံရနိုင်သည်။

- မိန်းကလေးတစ်ဦးမှယောကျင်္ားထံသို့ ရောဂါဖြန့်ဝေခြင်းထက်ယောကျင်္ားထံမှ ကာလသားရောဂါ (သို့)ှ) ရောဂါကူးစက်နိုင်ရန် အလားအလာပိုရှိသည်။ အကြောင်းမှာလိင်ဆက်ဆံမှု သဘောအရမိန်းကလေးမှာ လက်ခံသူဖြစ်သောကြောင့်ဖြစ်သည်။

- လိင်ဆက်ဆံရာတွင် ကာလသားရောဂါများမှ ကာကွယ်နိုင်ရန် အကာအကွယ်(ကွန်ဒုံး) ကိုအမြဲသုံးစွဲပါ၊ သို့သော် ထိုရောဂါများနှင့် ကိုယ်ဝန်ရှိခြင်းမှရှောင်ရှားရန် အသေချာဆုံးနည်းလမ်းမှာလိင်မဆက်ဆံခြင်းဖြစ်သည်။



မရည်ရွယ်ဘဲဲကိိုုုယ််ဝန်ရှိှိလာခြင်း


- သင်သည်လိင်ဆက်ဆံပြီး ရာသီလာချိန်နောက်ကျခြင်း။ ရင်သားများနာကျင်ခြင်း။ဆီးခဏခဏသွားခြင်း (သို့) ပျို့အန်ခြင်းများဖြစ်လာပါက ကိုယ်ဝန်ရှိနေနိုင်သည်။

- ကိုယ်ဝန်ရှိ/ မရှိသေချာစေရန်အတွက် ကျန်းမာရေးလုပ်သား (သို့) သားဖွားဆရာမနှင့် အမြန်ဆုံးတွေ့ဆုံပြသပါ။

- အကယ်ရျ် သင်သည် မရည်ရွယ်ဘဲ ကိုယ်ဝန်ရှိလာခြင်းကြောင့် အကြပ်အတည်းတွေ့ပြီးကိုယ်ဝန်ဖျက်ချရန် ကြံစည်မိပါကသတိထားပြီးဆုံးဖြတ်ပါ။

- နေရာရပ်ရပ်တွင် အနျွရာယ်ရှိသောနည်းများဖြင့်ကိုယ်ဝန်ဖျက်ချမိသဖြင့် မိန်းကလေးနှင့်အမျိုးသမီးများအမြောက်အများအသက်ဆုံးရှုံးနေရသည်၊။


Ref: WEAVE

စွမ်းဆောင်နိုင်မှု မြင့်မားရေးအတွက် အမျိုးသမီးများအား ပညာပေးရေးအဖွဲ့









0 comment.


Advertising









2017 Trust Oo M-health Enterprise.All Right Reserved.
Developed by Host Myanmar