မုန်လာဥနီဖျော်ရည်ရဲ့ကာင်းကျိုးများ


on: 13 Jan, 2018

 လတ်ဆတ်တဲ့ အသီးအနှံတွေနဲ ့ ဟင်းသီးဟင်းရွက်ဖျော်ရည်တွေကို ကုန်စုံဆိုင်တွေ supermarketတွေမှာ ၀ယ်ယူရရှ်ိနိုင်သလို ဖျော်ရည်စက်ကို အသုံးပြုပြီး မိမိတို ့အိမ်မှာ ကိုယ်တိုင်ပြုလုပ်သောက်သုံးနို်င်ပါတယ်။


 ဖျော်ရည်တွေထဲမှာ မုန်လာဥနီဟာ အသုံးများတဲ့ ပါ၀င်ပစ္စည်းတစ်ခုဖြစ်ပြီး အခြားသောအသီးအနှံတွေနဲ ့ရောစပ်ရာမှာ ကောင်းမွန်တဲ့အရသာကို ပေးစွမ်းနိုင်ပါတယ်။


 ဒါ့အပြင် မုန်လာဥနီဖျော်ရည်ဟာ များပြားတဲ့ကျန်းမာရေး အကျိူးကျေးဇူးတွေကို ပေးစွမ်းနိုင်ပါသေးတယ်။


မုန်လာဥနီဖျော်ရည်တစ်ခွက်(1 cup)မှာ ပါ၀င်တဲ့ အာဟာရတွေကတော့ 

-2.24g of protein

-0.35g of fat

-21.90g of carbohydrate

-1.90g of fiber

-689mg of potassium

-20.1mg of vitamin C

-0.217mg of thiamin

-0.512mg of vitamin B6

-2256mcg of vitamin A

-36.6mcg of vitamin K တို ့ပဲ ဖြစ်ပါတယ်။


 မုန်လာဥနီဖျော်ရည်ဟာ အာဟာရဓာတ်ပြည့်ဝသလို အချိူ ့သော ကျန်းမာရေး အခြေအနေတွေအတွက်လဲ ကောင်းကျိူးတွေ ပေးပါသေးတယ်။


(၁)အစာအိမ်ကင်ဆာ

မုန်လာဥနီတွေမှာ ကင်ဆာကာကွယ်န်ိုင်တယ်လို ့ဆိုကြတဲ့ ဓာတ်တိုးဆန် ့ကျင်ပစ္စည်း(anti-oxidant)တွေ ပါ၀င်ပါတယ်။လေ့လာမှုတစ်ခုမှာတော့ လေ့လာစမ်းသပ်သူတွေက မုန်လာဥနီစားသုံးခြင်းဟာ အစာအိ်မ်ကင်ဆာဖြစ်နိုင်စွမ်းကို ၂၆%လောက် လျော့ကျစေနိုင်တယ်လို ့ပြောပါတယ်။ဒါပေမယ့် ဒီလို လျော့ကျနိင်ဖို ့ ဘယ်လောက်ပမာဏစားသုံးရမယ်ဆိုတာကိုတော့ အတည်မပြုနိုင်ခဲ့ပါဘူး။


(၂)ရင်သားကင်ဆာ

ရင်သားကင််ဆာနဲ ့ပတ်သက်တဲ့ လေ့လာမှုတစ်ခုမှာတော့ ရင်သားကင်ဆာပျောက်ကင်းသွားတဲ့လူနာတွေကို မုန်လာဥနီဖျော်ရည် ၈ အောင်စ ကို နေ ့စဉ် ၃ ပတ်တိတိ သောက်ခိုင်းပြီး မုန်လာဥနီဖျော်ရည်မှာပါတဲ့ Carotenoids ဓာတ်နဲ ့ လူနာတွေရဲ ့သွေးထဲက ဓာတ်တိုးပစ္စည်းတွေ၊ယောင်ယမ်းစေတဲ့ ဓာတ်ပစ္စည်းတွေကို စောင့်ကြည့်ခဲ့ကြပါတယ်။လေ့လာသူတွေကတော့ သွေးထဲမှာ carotenoids levelမြင့်တက်လာခြင်းဟာ ရင်သားကင်ဆာပြန်ဖြစ်န်ိုင်ခြေလျော့နည်းခြင်းနဲ ့ ဆက်စပ်နေတယ်လို ့ တင်ပြခဲ့ကြပါတယ်။


(၃)နာတာရှည် အဆုတ်ရောင်ရောဂါ (COPD)

 မုန်လာဥနီဖျော်ရည်မှာ vitamin C ဓာတ် အများအပြားပါ၀င်ပါတယ်။လေ့လာသူတွေဟာ အသက်၄၀နဲ ့အထက် ကိုရီးယားလူမျိူးတွေမှာ COPDရောဂါနဲ ့အစားအသောက်ကရတဲ့ vitamin C နဲ ့ဆက်နွယ်မှုကို ရှာဖွေစူးစမ်းခဲ့ကြပါတယ်။


COPD ရောဂါရှိတဲ့သူတွေမှာ potassium,vitamin A,vitamin C ကဲ့သို ့ မုန်လာဥနီဖျော်ရည်မှာတွေ ့ရတဲ့ အာဟာရဓာတ်တွေစားသုံးမှုဟာ ရောဂါမရှိတဲ့သူတွေထက် သိသိသာသာလျော့နည်းနေတာကို တွေ ့ရှိခဲ့ကြပါတယ်။


ထည့်သွင်းစဉ်းစားရမည့်အချက်များ

မုန်လာဥနီဖျော်ရည်ဟာ ကျန်းမာရေးနဲ ့ပတ်သက်ပြီး ကောင်းကျိူးတွေပေးနိုင်ပေမယ့် သောက်သုံးတဲ့အချိန်မှာ ဂရုပြုရမှာတွေ ထည့်သွင်းစဉ်းစားပေးရမယ့် အချက်တွေလဲ ရှိ်ပါသေးတယ်။


ကင်ဆာရောဂါကုသမှုခံယူနေသူတွေ၊ကိုယ်ဝန်ဆောင်တွေ၊ကလေးငယ်တွေ၊ အသက်ကြီးသူတွေ အစရှိတဲ့ ကိုယ်ခံအားလျော့နည်းနေသူတွေအဖို ့အစားအသောက်ကနေတစ်ဆင့် ရောဂါပိုးမွှားကူးစက်နိုင်ခြေရှိနေပါက တချို ့သော အစားအသောက်တွေကို ရှောင်ကြဉ်ဖို ့တော့ လိုပါတယ်။


လတ်လတ်ဆတ်ဆတ်ညှစ်ယူထားတဲ့ (သို ့) အထူးပိုးသတ်ခြင်းမပြုလုပ်ထားတဲ့ အသီးအနှံဖျော်ရည်တွေဟာ ရောဂါပိုးမွှားတွေ ရှိနေနိုင်ခြေများတတ်ပါတယ်။


အမေရိကန်အစားအသောက် နဲ ့ဆေးဝါးကွပ်ကဲရေးဌာန (FDA) ရဲ ့ ပြောကြားချက်အရ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ အထူးပိုးသတ်ထားတာ (သို ့) ကြာရှည်ခံအောင် ပြုလုပ်ထားတဲ့ အသီးဖျော်ရည်တွေကိုသာ ရွေးချယ်သင့်တယ်လို ့ဆိုပါတယ်။ရပ်ကွက်စျေးတွေမှာ (သို ့) ဖျော်ရည်ဆိုင်တွေမှာ ရောင်းချတဲ့ လက်ငင်းဖျော်ပေးတဲ့ အသီးဖျော်ရည်တွေကို ရှောင်ကြဉ်သင့်တယ်လို ့လဲ ဆိုပါတယ်။


မုန်လာဥနီမှာ ပါ၀င်တဲ့ Beta-carotene လို ့ခေါ်တဲ့ carotenoidတမျိုးဟာ ခန္တာကိုယ်ထဲရောက်သွားတဲ့ အခါ vitamin Aအဖြစ် ပြောင်းလဲသွားပါတယ်။


Beta-caroteneဓာတ်တွေ အများအပြားစားမယ်ဆိုရင်တော့ အရေပြားအရောင်ဟာ ပြောင်းလဲသွားနိုင်ပြီး အဝါရောင်ပြောင်းသွားနိုင်ပါတယ်။ဒါကိုတော့ carotenodermaလို ့ ခေါ်ပါတယ်။


Standfordကျန်းမာရေးစင်တာကတော့ မုန်လာဥနီဖျော်ရည်တစ်ခွက်(1 cup)မှာ ပါ၀င်တဲ့ ဗီတာမင်နဲ ့သတ္တုဓာတ်အာဟာရတွေက လှီးစိတ်ထားတဲ့ မုန်လာဥငါးခွက်စာ (5 cups)နဲ ့ညီမျှတယ်လို ့ ဆိုပါတယ်။


အသီးဖျော်ရည်တွေမှာ အာဟာရဓာတ်များစွာ ပါ၀င်ပေမယ့် လတ်ဆတ်တဲ့ အသီးနဲ ့ဟင်းသီးဟင်းရွက်တွေလို အမျှင်ဓာတ်များစွာ ပါ၀င်ခြင်းတော့ မရှိပါဘူး။ဒါ့အပြင် ဖျော်ရည်တွေဟာ သကြားဓာတ်လဲ ပိုမိုပါ၀င်ပါသေးတယ်။


ကိုယ်တိုင်အိမ်မှာပဲ မုန်လာဥနီဖျော်ရည်လုပ်သောက်မယ်ဆိုရင် ဖျော်ရည်စက်လေးတစ်လုံးတော့ လိုပါလိမ့်မယ်။ဖျော်ရည်စက်ကို အသုံးပြုတဲ့ အခါမှာ ထုတ်လုပ်သူရဲ ့ညွှန်ကြားချက်တွေအတိုင်း လိုက်နာပြီး အသုံးပြုပြီးတိုင်း သေချာဆေးကြောပေးဖို ့အရေးကြီးပါတယ်။


 မုန်လာဥနီဖျော်ရည်ဟာ အာဟာရဓာတ်များစွာ ပါ၀င်တဲ့အတွက် ကျန်းမာရေးအကျိုးကျေးဇူးများစွာကို ပေးနိုင်ပေမယ့် ရိုးရိုးမုန်လာဥနီထက်စာရင်တော့ အမျှင်ဓာတ်နည်းပါးပြီး သကြားဓာတ်ပိုများပါတယ်။အမျှင်ဓာတ်ဟာ ကိုယ်အလေးချိန် ထိန်းသိမ်းခြင်း နဲ ့ကိုလက်စထရောလျှော့ချခြင်းတို ့နဲ ့ သက်ဆိုင်နေပါတယ်။


 မုန်လာဥနီဖျော်ရည်ဟာ ဘယ်လိုပြင်ဆင်ပြုလုပ်ထားတယ်ဆိုတာအပေါ် မူတည်ပြီး လူတိုင်းအတွက်တော့ မသင့်တော်ပါဘူး။အထူးသဖြင့် ကိုယ်ဝန်ဆောင်တွေ၊ကလေးငယ်တွေ၊အသက်ကြီးသူတွေ နဲ ့ အချို ့သော ရောဂါရှိနေသူတွေအဖို ့ မသင့်တော်ပါဘူး။


မုန်လာဥနီဖျော်ရည် အသင့်အတင့် သောက်သုံးခြင်းဟာ ကျန်းမာရေးနဲ ့ညီညွှတ်တဲ့ စားသောက်မှုပုံစံရဲ ့ တစ်စိတ်တစ်ပိုင်းလို ့ပြောနိုင်ပါတယ်။ဒါပေမယ့် ဖျော်ရည်သောက်သုံးခြင်းဟာ အသီးအနှံ နဲ ့ ဟင်းသီးဟင်းရွက်တွေ စားသုံးခြင်းကိုတော့ အစားထိုးလို ့မရပါဘူး။


Credit : ဒေါက်တာယမုံ








0 comment.


Advertising









2017 Trust Oo M-health Enterprise.All Right Reserved.
Developed by Host Myanmar