Print

Shoulder dislocation ( ပခုံးအဆစ်လွဲခြင်း) သို့မဟုတ် (ပခုံးအဆစ်ပြုတ်ထွက...

  13-Jan-2019
Preview Image


 အကျဉ်းရှင်းလင်းချက်

ပခုံးဆစ်သည် ကိုယ်ခန္ဓာတွင် လှုပ်ရှားမှုအများဆုံး အဆစ်ဖြစ်သည်။ အဆစ်လွဲခြင်း အဖြစ်နိုင်ဆုံးသော နေရာဖြစ်သည်။ ပခုံးဆစ်နှင့် လက်မောင်းရိုးကို ခွက်နှင့် ဘောလုံးပုံစံ အဆစ်ဖြင့်တွယ်ဆက်ထားသည်။ ထိုခွက်ထဲမှ လက်မောင်းရိုး ပြုတ်ထွက်သွားသောအခါ ပခုံးဆစ်လွဲခြင်းဖြစ်ပေါ်လာသည်။

 

လက္ခဏာများ

၁။ မျက်စိနှင့်မြင်သာစွာ ပခုံးဆစ်ငေါထွက်နေခြင်း

၂။ ပခုံးဆစ်နေရာတွင် ယောင်ယမ်းနေခြင်း

၃။ သွေးခြည်ဥနေခြင်း

၄။ နာကျင်ခြင်း

၅။ ပခုံးဆစ်မလှုပ်ရှားနိုင်ခြင်း

၆။ ထိခိုက်ဒဏ်ရာရထားသော လည်ပင်း၊ ပခုံးနှင့် လက်မောင်းများထုံကျင်ခြင်း၊ အားအင်ချိနဲ့သလိုဖြစ်ခြင်း

 

ဖြစ်ပွားရသော အကြောင်းရင်းများ

၁။ ပခုံးဆစ်သည် ခန္ဓာကိုယ်တွင် ပြုတ်ထွက်နိုင်ချေ အများဆုံး အဆစ်ဖြစ်သည်။

၂။ အားကစားလုပ်ခြင်း

၃။ မတော်တဆထိခိုက်ဒဏ်ရာရခြင်း၊ ယာဉ်မတော်တဆဖြစ်ခြင်းမှတစ်ဆင့် ထိခိုက်မိခြင်း၊ ပခုံးကိုအရိုက်ခံရခြင်း

၄။ အမြင့်မှပြုတ်ကျုခြင်း၊ ချော်လဲခြင်း

 

ဖြစ်နိုင်ချေများသူများ

ဆယ်ကျော်သက်များနှင့် အသက် ၂ဝ ကျော်အမျိုးသားများတွင် အဖြစ်များသည်။ ထိုအသက်အရွယ်သည် အတက်ကြွဆုံးနှင့် လှုပ်ရှားမှုအများဆုံး အချိန်ဖြစ်သောကြောင့်ဖြစ်သည်။

 

နောက်ဆက်တွဲ ပြဿနာများ

၁။ ပခုံးဆစ်အနားရှိကြွက်သားများ၊ အရွတ်ကြောများစုတ်ပြဲနိုင်ခြင်း

၂။ အာရုံကြောနှင့် သွေးကြောများပျက်စီးခြင်း

၃။ ပြင်းထန်သော ပခုံးဆစ်ရိုးပြုတ်ထွက်ခြင်းနှင့် ထပ်ခါထပ်ခါဒဏ်ရာရရှိမှုများကြောင့် ပခုံးဆစ်ရိုးမတည်ငြိမ်ဖြစ်ပြီး ထပ်မံပြုတ်ထွက်ရန်လွယ်ကုူခြင်း

 

ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

သင့်ပခုံးဆစ်တွင် ထိခိုက်ဒဏ်ရာရပြီး ပခုံးဆစ်ပြုတ်ထွက်သွားသည်ဟု ခံစားရလျှင်ရခြင်း ဆရာဝန်နှင့် သွားရောက်ပြသသင့်သည်။

 

စစ်ဆေးမှုများ

၁။ ဆရာဝန်မှဖြစ်သည့်နေရာကို စမ်းသပ်စစ်ဆေးခြင်း

၂။ ပခုံးဓာတ်မှန်ရိုက်ခြင်း (ဓာတ်မှန်တွင် ပခုံးရိုးဆစ်ပြုတ်ထွက်ခြင်း၊ အရိုးကျိုးခြင်းများကို သိရှိနိုင်သည်)

 

ကုသခြင်း

၁။ ခွဲစိတ်ခြင်းမလုပ်ဘဲ အနာသက်သာသည့်ဆေး၊ အိပ်ဆေး၊ ထုံဆေး၊ မေ့ဆေးများပေး၍  အပြင်မှလွဲနေသောအဆစ်ကို 

နေရာမှန်ရောက်အောင်ပြုလုပ်ပေးခြင်း။

၂။ ခွဲစိတ်၍ အဆစ်ဝန်းကျင်ရှိ အရွတ်များ၊ သွေးကြောများ၊ ကြွက်သားများကို ပြန်လည်ပြင်ဆင်ပြီး အဆစ်ကို နေရာမှန်ရောက်အောင် ပြုလုပ်ပေးခြင်း။

၃။ လှုပ်ရှားမှုမရှိစေရန် ရက်အနည်းငယ် သို့မဟုတ် ရက်သတ္တ ၃ ပတ်ခန့် လက်ကိုကျောက်ပတ်တီးစီးခြင်း၊ လက်သိုင်းကြိုးဆွဲထားခြင်း

၄။ အနာပြန်ကျက်နေသည့်အချိန်တွင် အနာသက်သာစေရန်နှင့် ကြွက်သားတင်းအားများလျော့စေရန် အကိုက်အခဲပျေက်ဆေးများပေး၍ ကုသခြင်း

၅။ ကျောက်ပတ်တီးများ၊ လက်သိုင်းကြိုးများဖြုတ်ပြီးသည့် အခါတွင် လက်ကိုလေ့ကျင့်ခန်းလုပ်ပေးခြင်း

 

လိုက်နာသင့်သည့်အချက်များ

သင့်လက်များပုံမှန်အတိုင်း မြန်မြန်ပြန်လည်လှုပ်ရှားနိုင်ရန် အောက်ပါအချက်များကို လိုက်နာရန်လိုအပ်ပါသည်။

၁။ သင့်ပခုံးကိုအနားပေးပါ။ ပခုံးအဆစ်ပြုတ်ထွက်ခြင်း၊ နာကျင်ခြင်းကို ဖြစ်စေမည့် အပြုအမူများကို ရှောင်ကြဉ်ပါ။ လေးလံသော အရာဝတ္ထုများမခြင်းကို ရှောင်ကြဉ်ပါ။

၂။ ပထမ ၁ ရက် ၂ ရက်တွင် ဖြစ်သည့်နေရာသို့ ရေခဲအိတ်ကို ၁၅-၂ဝ  မိနစ်ခန့်ကပ်ထားပေး၍ရသည်။ နောက်ပိုင်းတွင် ရေနွေးအိတ်ကပ်ပေး၍ ရသည်။

၃။ အနာသက်သာစေရန် အကိုက်အခဲပျောက်ဆေးများကို ဆရာဝန်ညွှန်ကြားချက်များအတိုင်းသောက်ပါ။

၄။ ပခုံးဆစ်လှုပ်ရှားမှုကို ဂရုစိုက်ပါ။ သင့်တော်သော ပခုံးလှုပ်ရှားမှုများကို ဆရာဝန်ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ပေးပါ။ မလှုပ်ရှားဘဲနေပါက ပခုံးတောင့်တင်းပြီး မလှုပ်ရှားနိုင်ဖြစ်သွားနိူ်င်သည်။

 

အခြားသိသင့်သော အချက်များ (ရှိလျှင်)

၁။ သင့်ပခုံးများ ပုံမှန်အတိုင်းလှုပ်ရှားမှုရပြီးလျှင်တောင်မှ သင့်တော်သော ပခုံးလေ့ကျင့်ခန်းဆက်လက် လုပ်ဆောင်ပေးလျှင် နောက်တစ်ကြိမ် ပခုံးအဆစ်ပြုတ်ထွက်ခြင်း မဖြစ်အောင်ကာကွယ်ပေးနိုင်ပါသည်။

၂။ မတော်တဆချော်လဲခြင်းများမရှိစေရန် သတိပြုပါ။

၃။ အားကစားပြုလုပ်သည့်အခါ ခန္ဓာကိုယ်တွင် အကာအကွယ်များကိုဝတ်ဆင်ပါ။

၄။ တစ်ခါဖြစ်ပြီးလျှင် ်နောက်တစ်ကြိမ်လည်း ထပ်မံဖြစ်နိုင်သောကြောင့် သင့်တော်သော ကိုယ်လက်လှုပ်ရှားမှုပုံမှန်ပြုလုပ်ပေးပါ။

 

Translated by: Dr Khin JyuJyu Ko

Ref: Mayo clinic

 

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18