Print

ဓာတ်မတည့်၍ သွေးဆုတ်သွေးလန့်ခြင်း

  07-Dec-2018
Preview Image

ဓာတ်မတည့်၍ သွေးဆုတ်သွေးလန့်ခြင်းဆိုသည်မှာ အသက်ရှူရခက်ခဲလာပြီးသွေးခုန်နှုန်း များ လျော့နည်းကျဆင်းတတ်သည်။ သွေးပေါင်ချိန်များ ကျဆင်းလာ၍ သတိရှိမှုလျော့ကျခြင်း ဖြစ်နိုင် ပါသည်။ တစ်စုံတစ်ဦး ယင်းဝေဒနာခံစားရဖွယ်ရှိပါက လူနာတွင်ဆောင်ထားသော ဓာတ်မတည့်ခြင်း ဖြစ်စေအတွက် အသင့်ထိုးဆေး(Auto-injection/Epi-pen) ထိုးပေးနိုင်ပါသည်။ ဓာတ်မတည့်ခြင်းြဖစ်စဉ်ဖြစ်ပေါ်ပါက ယင်းလူနာထံတွင် ဓာတ်မတည့်ခြင်းဖြစ်စဉ်အတွက် ထိုးဆေး ((Auto-injection/Epi-pen) ရှိနေပါက အသုံးပြုနိုင်ရန် ကူညီပေးနိုင်သည်။


သို့သော်ဓာတ်မတည့်ခြင်းဖြစ်စဉ်တိုင်းအတွက် အသုံးမပြုပါနှင့်။ တစ်စုံတစ်ဦးက ဓာတ်မတည့်ခြင်း ဝေဒနာခံစားနေရပါက (Auto-injection/Epi-pen) သည် အရေးပေါ်ဆေးအဖြစ် ပေးတတ်သောဆေးတစ်မျိုးဖြစ်သည်။ ဓာတ်မတည့်ခြင်းကြောင့် ဖြစ်ပေါ်လာသော အဖုအပိန့်၊ယားယံခြင်း စသည့် ရောဂါလက္ခဏာဝေဒနာများကို သက်သာစေပါသည်။ယားယံခြင်း၊ အဖုအပိန့်ထွက်ခြင်းများကို အများဆုံးဖြစ်စေသော အစားအစာများမှာ အခွံမာ သီးများ၊ အခွံမာပါရှိသည့် ရေသတ္တဝါများ၊ နို့ထွက်ပစ္စည်းနှင့် ဥများတို့ဖြစ်ကြသည်။ အစေးများ၊ ပျားနှင့် ဂျယ်ကောင်တို့၏ အဆိပ်ဆူးများကဲ့သို့သောအရာများ၊ ကုသဆေးတချို့တို့မှလည်းယားယံခြင်း၊ အဖုအပိန့်ထွက်ခြင်း တို့ကိုဖြစ်ပေါ်စေသည်။


Ref: ရှေးဦးပြုစုနည်း

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18