Print

ချစ်သူအကြောင်းနှင့် လိင်ဆက်ဆံမှုအကြောင်း

  15-Oct-2018
Preview Image

ယောင်္ကျားလေးများ၊ အမျိုးသားများနှင့် ပတ်သက်၍ဆုံးဖြတ်ချက်ချရန် ခက်ခဲသည်။ လူငယ်အများစုသည် အသက်အရွယ်ရလာသည်နှင့်အမျှ အချစ်ကိစ္စ (သို့မဟုတ်) လိင်ကိစ္စဆိုင်ရာ ခံစားမှုများရှိလာတတ်သည်။ မိန်းမငယ်များမှာအကြောင်းအမျိုးမျိုးကြောင့်လိင်ဆက်ဆံကြသည်။ တစ်ချို့မှာကလေးရရှိရန်အတွက်ပြုလုပ်ကြသည်၊ တစ်ချို့မှာမိမိကို အခြားသူက နှစ်သက်သည်ဟု ခံစားရသောကြောင့်ဖြစ်သည်။ အချို့မှာ ငွေ(သို့) အသက်ရှင်ရန်လိုအပ်သော အရာများအတွက် လိင်ဆက်ဆံခြင်းဖြင့် အလဲအလှယ်လုပ်ကြရသည်။ တစ်ချို့မှာဇနီးတစ်ယောက်၏တာဝန် တစ်ရပ်ဖြစ် သောကြောင့် မငြင်းပယ်နိုင်ဟု ယူဆကြသည်၊ အချို့မှာလိင်ဆက်ဆံခြင်းဖြင့် အမျိုးသားအပေါ် ဆွဲဆောင်နိုင်မှု ပိုမိုရှိနိုင်သည်ဟု ထင်ကြသည်၊

ဆနမ္ဒရှိသောအချိန်တွင် မည်သူမျှလိင်ဆက်ဆံမှု မပြုလုပ်သင့်ပါ။



• လိင်ဆက်ဆံမှုအတွက် အသင့်ရှိနေသူသည် ကိုယ်ဝန်ဆောင်ခြင်း (သို့မဟုတ်) အခြားရောဂါများ ကူးစက်နိုင်ခြင်းမှ မိမိကိုယ်ကိုကာကွယ်သင့်သည်၊ 

မိမိကိုယ်ကိုအဆင်သင့်ဖြစ်ပြီဟုယူဆချိန်နှင့်မည်သို့ ကာကွယ်ရမည်ကိုသိသော အချိန်ရောက်မှလိင်ဆက်ဆံ ခြင်းကိုစတင်ပါ။ လိင်ဆက်ဆြံခင်းမပါဝင်သောဆက်ဆံရေး မေတ္တာရှိသောဆက်ဆံရေးကိုတည်ဆောက်ရာတွင် နှစ်ဦးနှစ်ဖက်အချိန်ပေးခြင်း ဂရုစိုက်ခြင်း လေးစားခြင်းနှင့် ယုံကြည်ခြင်းတို့လိုအပ်သည်။ ဂရုတစိုက်ရှိခြင်းကို လိင်ဆက်ဆံခြင်းတစ်မျိုးတည်းဖြင့် ပြသနိုင်သည်မဟုတ်ပါ၊ လိင်ဆက်ဆံခြင်းဖြင့် တစ်ဦးနှင့်တစ်ဦးမေတ္တာရှိလာမည်ဟုမဆိုနိုင်ပါ၊

• လိင်ဆက်ဆံမှုမရှိဘဲမိမိတို့ အချိန်ကိုအတူတကွအသုံးပြုနိုင်သည်။

• အတူတကွစကားပြောခြင်း။ အတွေ့အကြုံများမျှဝေခြင်းဖြင့် တစ်ယောက်နှင့် တစ်ယောက်အကြောင်း သိရှိလေ့လာနိုင်သည်။ ဥပမာ - ဘဝကိုရှုမြင်ပုံ အတူတကွမည်သို့ ဆုံးဖြတ်ချက်များ ချမည်ဖြစ်ခြင်း။ မည်ကဲ့သို့သော လက်တွဲဖော်။ မိဘများအဖြစ် နေထိုင်ကြမည် ဖြစ်ခြင်း။ တစ်ဦးဘဝရှုမြင်ပုံကိုနောက်တစ်ဦးကမည်သို့ ထင်မြင်ချက်ပေးခြင်းစသည်တို့ပါဝင်သည်။

• လိင်ဆက်ဆံမှုကင်းသော ထိတွေ့ခြင်းဖြင့်လည်း ကျေနပ်မှုကိုရယူနိုင်ကြသည်။

• မိမိ၏ချစ်သူနှင့် စကားပြောကြည့်ပါ၊ သူသည်လည်း လိင်ဆက်ဆံရန် အဆင်သင့် ဖြစ်ချင်မှဖြစ်လိမ့် မည်။

• တစ်ယောက်ကိုတစ်ယောက် လေးစားပါက အတူတကွဆုံးဖြတ်ချက်ချနိုင်သည်။

• မိမိ၏သူငယ်ချင်းများနှင့် လည်းစကားပြောကြည့်ပါ၊ အချို့မိန်းကလေး သူငယ်ချင်းများသည် ထပ်တူသောအခက်အခဲများကို ရင်ဆိုင်နေရသည် ကိုတွေ့နိုင်လိမ့်မည်။ တစ်ဦးကိုတစ်ဦး ကူညီပြီးလိင်ကိစ္စကောင်းမွန်သော ဆက်ဆံရေးအတွက် နည်းလမ်းများရှာဖွေနိုင်သည်။

• သို့သော်လိင်ဆက်ဆံလေ့ရှိသောသူငယ်ချင်းမှ ပေးသောအကြံကိုသေချာစွာစဉ်းစားပြီးမှလက်ခံပါ။

Ref:
WEAVE

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18