Print

အီးစိမ်းစိမ်းနဲ့ ကလေးလေး

  11-Apr-2017
Preview Image

အမေ ။ ။ ယောကျ်ားရေ .. လာပါအုံး။


အဖေ ။ ။ ဘာဖြစ်တာတုံး မိန်းမရေ။ ရုံးသွားရတော့မယ်ကွ။


အမေ ။ ။ ရှင့်သား ဆူမိုက diaper ထဲမှာ ဝမ်းစိမ်းစိမ်းတွေ သွားထားတယ်။ ကြည့်ပါအုံး..။


အဖေ ။ ။ ဝမ်းစိမ်းစိမ်း။ ကြားတောင်မကြားဖူးဘူးဟ။ ဘယ်မှာလဲပြစမ်းပါအုံး။ မိန်းမရေ.. ဆေးရုံသွားပြသင့်တယ်။ လာသွားပြရအောင်။ ကလေးကိုချီလာခဲ့။ အင်္ကျီလဲပေးထား။ ငါ diaper ထုပ်ကို ဆရာဝန်ကိုပြဖို့ ကြွပ်ကြွပ်အိတ်ထဲထည့်ပြီး ယူသွားရမယ်။


ကလေးဆေးရုံအရေးပေါ်ဌာန

အမေ ။ ။ ဆရာမရေ ကလေးဝမ်းစိမ်းစိမ်းတွေ သွားနေလို့ပါ။ ကြည့်ပေးပါအုံးရှင်။..


ဆရာဝန် ။ ။ ဝမ်းစိမ်းစိမ်းသွားနေတာလား။ ဝမ်းကိုရောယူလာသေးလား။ မေမေမငိုနှင့်လေ ဆရာမကြည့်ပေးမယ်။ ကလေးကိုပေး၊ ကလေးအသက်ဘယ်လောက်ရှိပြီလဲ။


အဖေ ။  ။ ဆရာမ ဝမ်းယူလာပါတယ်။ ဆရာမကြည့်မလား။ ကလေးအသက်က တစ်နှစ်ခွဲပါဆရာမ။ 


ဆရာဝန် ။ ။ ကြည့်မှာပေါ့။ ပြပါအုံး၊ အဲ.. တကယ်ဝမ်းစိမ်းစိမ်းတွေ သွားထားတာပဲ။ ဝမ်းဘယ်နှစ်ခါသွားတာလဲ မေမေ။


မေမေ ။ ။ မနက်က တစ်ခါဘဲရှိသေးတယ်ဆရာမ။ ဝမ်းအရောင်ပြောင်းသွားတာတွေ့တာနဲ့ တစ်ခါထဲခေါ်လာတာ။ စိုးရိမ်ရလား ဆရာမရယ်။ သားလေး (၁) ယောက်ပဲရှိသေးတာ ဆရာမ။ ..ရွတ်..


ဆရာဝန ်။ ။ ဆရာမ ကလေးဗိုက်ကိုစမ်းကြည့်မယ်။ ဗိုက်ကပုံမှန်ပဲ မေမေနဲ့ဖေဖေ။ တောင့်တင်းနေတာလဲ မရှိဘူး။ ကလေးကနာနေတဲ့ အခြေအနေလဲမရှိဘူး။ ဝမ်းလဲမလျှောဘူး။ ဒါနဲ့မေမေတို့ကလေးကို ဖြည့်စွက်စာတွေ ကျွေးနေပြီလား။ မနေ့ကဘာတွေကျွေးထားသေးလဲ။


ဖေဖေ ။  ။ မနေ့က ကလေးနဲ့အပြင်တော့ သွားဖြစ်တယ်ဆရာမ။ ကလေးကခုတစ်နှစ်ခွဲဆိုတော့ အားလုံးစားနေပြီ ဆရာမ။ မနေ့က ရေခဲမုန့်စားတယ်။ နေ့လယ်စာကတော့ အိမ်ကထည့်သွားတဲ့ ဟင်းသီးဟင်းရွက်ကြော်နဲ့ပဲစားတာဆရာမ။ Brocolli ကို ကြော်ထားတာဆရာမ။


ဆရာဝန် ။ ။ ရေခဲမုန့်စားတယ်။ ရေခဲမုန့်ကဘာအရောင်စားတာလဲ။ Biocolli လဲ စားထားတယ်နော်။


မေမေ ။ ။ ဆရာမပြောမှသတိထားမိတယ်။ ရေခဲမုန့်က နို့သစ်ခွအစိမ်းရောင်စားဖြစ်ကျတာ ဆရာမ။ ဟုတ်တယ်။ Brocolli လဲ စားထားတယ်ဆရာမ။


ဆရာဝန် ။ ။ မေမေနှင့်ဖေဖေတို့ ကလေးကို ကျန်းမာရေးအသိရှိစွာနှင့် ဒီကိုခေါ်လာပြတာ အရမ်းကောင်းပါတယ်။ ဆရာမတို့က ဝမ်း အနီ၊ အမဲ၊ အဖြူ စတဲ့အရောင်တွေဆို ပိုစိုးရိမ်ရတယ်။ ကလေးမှာ ဝမ်းစိမ်းစိမ်းသွားစေတဲ့ အခြားရောဂါတွေဖြစ်တဲ့ ဝမ်းလျှောတာ၊ Food poisoning ဖြစ်တဲ့လက္ခဏာ၊ အူလမ်းကြောင်းပြဿနာဖြစ်နိုင်တဲ့ လက္ခဏာတွေလည်း မတွေ့ရဘူး။ မေမေနဲ့ဖေဖေ ဒါကြောင့်မစိုးရိမ်ပါနှင့်။ မေမေနဲ့ဖေဖေ အချိန်ရသေးလား။ ဝမ်းစိမ်းစိမ်းသွားနိုင်တယ် အခြားအကြောင်းအရင်းလည်း ပြောပြချင်သေးလို့။


မေမေနှင့်ဖေဖေ။ ။ အချိန်ရတာပေါ့ဆရာမရယ်။ ကလေးကအရေးကြီးဆုံးပါ။ 


ဆရာမ။ ။ ကလေးတွေမှာ ဝမ်းစိမ်းစိမ်းက မိမိရဲ့ဝမ်းဗိုက်အတွင်းရှိစဉ်က ရေမွှာရေသောက်ခဲ့လို့ (မွေးပြီးပြီးချင်းအချိန် ၃ ရက်အတွင်းမှာ) ဝမ်းစိမ်းစိမ်းသွားတာရှိသလို၊ အစိမ်းရောင်ရှိတဲ့ အစားအစာ၊ ဆေးမှီဝဲတယ့်အခါလဲ ဖြစ်တတ်ပါတယ်။ ပြီးရင်ကလေးတွေရဲ့ အစာခြေစနစ်က မြန်တဲ့အတွက်လည်း သည်းခြေရည်တွေ ဝမ်းထဲပါလာရင်လည်း ဖြစ်တတ်ပါတယ်။ ခုကိစ္စမှာတော့ အခြားစိုးရိမ်ရတဲ့ လက္ခဏာတွေလည်း မရှိတဲ့အတွက် ဆရာမယူဆတာက အစားအစာကြောင့်ဖြစ်ဖို့များတယ်။ ရေခဲမုန့်အစိမ်းရောင်နှင့် Brocolli ဟင်းသီးဟင်းရွက်အစိမ်းတွေ အများကြီး စားထားတာကြောင့် ကလေးအစာခြေစနစ်က လူကြီးတွေလောက် မကောင်းလို့ အစိမ်းရောင်ပါလာတာ ဖြစ်နိုင်တယ်။ ဒါကြောင့် မေမေနှင့်ဖေဖေကလေးကို ဒီ (၃) ရက်မှာ အစိမ်းရောင်မပါတဲ့အစားအစာတွေပဲ ကျွေးကြည့်ပေးပါ။ (၃) ရက်ကျော်သွားရင်ပုံမှန်ဖြစ်သွားပါလိမ့်မယ်။ 


မေမေ။ ။ ဆရာမရှင်းပြမှာပဲ ကျွန်မလည်းနားလည်သွားတယ်။ စိုးရိမ်စိတ်လည်း နည်းနည်းလျှော့သွားတယ် ဆရာမ။ အခြားရော ဘာလုပ်ဖို့လိုသေးလဲဆရာမ။


ဆရာမ။ ။ အခြားဘာမှလုပ်ဖို့မလိုသေးဘူး မေမေ။ ဆရာမက စောင့်ကြည့်ချင်သေးတယ်။ သည် (၃) ရက်အတွင်းကလေး ဗိုက်နာလာတာ၊ ဝမ်းလျှောလာတာ၊ ဖျားလာတာ၊ ဗိုက်ဖောင်းလာတာ၊ ကလေးမှိန်းလာတာတွေ ရှိရင်တော့ ဆရာမတို့ဆီ ချက်ချင်းပြန်ပြပေးပါ။ ဒါနဲ့ ဒီ (၂) ရက်လောက်တော့ ဝမ်းစိမ်းစိမ်းသွားနိုင်သေးတယ်နော်။ ဟုတ်ပြီလား။


မေမေ။ ။ ကျေးဇူးအရမ်းတင်ပါတယ်။ ဆရာပြောတဲ့ လက္ခဏာပေါ်လာရင်တော့ ချက်ချင်းပြန်လာခဲ့ပါမယ်။ သွားလိုက်ပါအုံးမယ် ဆရာမ။


Credit : Dr. Archer (7887 Healthcare Call center)





Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18